နေပြည်တော် မေ ၃၁
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်ရှိ မွေးမြူရေးလုပ်ကိုင်သူ တောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်
ဒုတိယဝန်ကြီးက မွေးမြူရေးလုပ်ကိုင်သူများ ပိုမိုတိုးတက်မွေးမြူနိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများမှ
အကျိုးအမြတ်များ ပိုမိုတိုးတက်ရရှိစေနိုင်ရေး၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ကိုင်မှုများမှ
စီးပွားဖြစ်မွေးမြူရေးသို့ တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် မွေးမြူရေးနည်းပညာဖြန့်ဖြူးမှုများ၊
အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးစီမံကိန်းများ၊
ကျေးရွာနေတောင်သူများအား ပံ့ပိုးဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးပြီး
မွေးမြူရေးတောင်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment