ရန်ကုန် ဇွန် ၅
အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်းအားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး
ဦးရဲမြင့်ထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ်က ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ၊ တောင်ကြီးနှင့် လွိုင်ကော်
အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ခြောက်ကျောင်းအတွက် ကျောင်း တစ်ကျောင်းလျှင် ငွေကျပ်
သိန်း ၁၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း ၆၀၀၊ Golden Park SPA Land and Hotel
က ငွေကျပ် ၁၁၁ သိန်းနှင့် မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်က လှူဒါန်းငွေကျပ်
၁၀ သိန်း စုစုပေါင်းငွေကျပ် ၁၂၁ သိန်း၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်က အလှူ
ငွေကျပ် သိန်း ၁၀၀၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ငွေကျပ်သိန်း
၁၀၀၊ ES4E ကိုယ်ပိုင် အထက်တန်းကျောင်းက ငွေကျပ်သိန်း ၁၀၀ ကို ပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့်
တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ကြသည်။
ဆက်လက်၍ အလှူရှင်များ
က အားကစားနှင့် ကာယပညာ ကျောင်းအကျိုးတော်ဆောင်ရန်ပုံငွေသို့ စုစုပေါင်းငွေကျပ် ၁၁၉၄
သိန်း ၅ သောင်းနှင့် သင်တန်းသား သင်တန်းသူများအတွက် ငွေကျပ် ၁၀ သိန်း တန်ဖိုးရှိ ဗိုဗီနမ်ဝတ်စုံ
၁၂ စုံ၊ ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ ခဲသားဘောပင်နှင့် ခဲသားဒါဇင် ၂၀၀ တို့ကိုပေးအပ်လှူဒါန်းရာ
တာဝန် ရှိသူများကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြပြီး အားကစားနှင့်
ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများက ဝူရှူးအားကစားနည်းဖြင့် သရုပ်ပြ
ဖျော်ဖြေကြသည်။
သတင်းစဉ်

No comments:
Post a Comment