နေပြည်တော် ဇွန် ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ် နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်ခြောက်လမှ သုံးနှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ဒုတိယဝန်ကြီးက အသက်သုံးနှစ်မပြည့်မီအရွယ်သည် ဦးနှောက်ဖွံ့ဖြိုးမှု အလျင်မြန်ဆုံးနှင့်
အားအကောင်းဆုံးကာလဖြစ်သောကြောင့် ကျန်းမာရေးနှင့် အာဟာရ၊ ချစ်ခြင်း မေတ္တာ၊ မှန်ကန်သောပြုစု
စောင့်ရှောက်မှု၊ ကောင်းမွန်သော ပတ်ဝန်းကျင်တို့ ရရှိစေရေး အလေးပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း
ပြောကြားပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းသူများ ပြုလုပ်ထားသော
ကလေးဖွံ့ဖြိုးမှုဆိုင်ရာ သင်ထောက်ကူများနှင့် လက်မှုပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။
အဆိုပါသင်တန်းကို
၂၀၂၆ ခုနှစ် မေ ၄ ရက်မှ ဇွန် ၅ ရက်အထိ နေပြည်တော် ရင်သွေးရတနာ မူလတန်းကြိုကျောင်းတွင်
ဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးဌာန ၂၀ မှ သင်တန်း သူ ၄၂ ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment