Tuesday, June 16, 2026

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)နှင့် အနုပညာအထက်တန်းကျောင်း(ရန်ကုန်)တို့ကို ကြည့်ရှုစစ်ဆေး

 

ရန်ကုန် ဇွန် ၁၅

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် အင်းစိန်မြို့နယ် နိုင်ငံတကာ အဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Arts Center-Yangon)ရှိ တည်ဆောက်ရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အသံစနစ်များကောင်းမွန်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် အမှတ်(၁၃၁)ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာ အထက်တန်းကျောင်း(ရန်ကုန်)၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ယဉ်ကျေးမှုကဏ္ဍကို မြှင့်တင်၍ ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်ရန်၊ ချင်းချောင်းအဆောက် အအုံအားနောင်တွင် အမျိုးသား အနုပညာ ပြတိုက်အဖြစ် ပြသနိုင်ရေးနှင့် အနုပညာအထက်တန်းကျောင်းဝင်းအား ယဉ်ကျေးမှုခရီး သွားနေရာတစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေးစီမံချက်ရေးဆွဲ ဆောင်ရွက်ရန်မှာကြားပြီး ပန်တျာဌာနနှင့် ပန်းချီ၊ ပန်းပုဌာနတို့တွင် ဘာသာရပ်ဆိုင်ရာ သင်ကြားနေမှုနှင့် အနုပညာအထက်တန်း ကျောင်းဝင်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment