နေပြည်တော် ဇွန် ၁၈
ချင်းပြည်နယ်အတွင်းရှိ တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးလုပ်ငန်းများတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ကျောင်းသုံး/ရုံးသုံး ပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခြားကူညီထောက်ပံ့ရေးပစ္စည်းများကို ကလေးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ထပ်မံပို့ဆောင်ပေးလျက်ရှိသည်။
အဆိုပါထောက်ပံ့ပစ္စည်းများနှင့် ကုန်ပစ္စည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ
တင်ဆောင်လာသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသည် ဇွန် ၁၇ ရက်
ညပိုင်းတွင် တီးတိန်မြို့နှင့် ဖလမ်းမြို့များသို့လည်းကောင်း၊ ယနေ့မွန်းလွဲပိုင်းတွင်
တွန်းဇံမြို့သို့လည်းကောင်း ရောက်ရှိကြရာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက
ဝမ်းပန်းတသာကြိုဆိုခဲ့ကြပြီး ရောက်ရှိလာသည့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့်
အခြားထောက်ပံ့ပစ္စည်းများကို ဒေသခံတိုင်းရင်းသားပြည်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့်
ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment