ရန်ကုန် ဇွန် ၁၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များ ဇာတ်တိုက်လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် အင်္ဂလိပ်စာအထူးပြုနှင့်
သင်္ချာအထူးပြု ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု၊ အနောက်ပိုင်းတက္ကသိုလ်
သုတေသနစင်တာ၊ ခတ္တာဆောင်၊ ဇီဇဝါဆောင်နှင့် ဘုရင့်နောင် ကျောင်းသူ ကျောင်းသား အိပ်ဆောင်များ၊
ရန်ကုန်တက္ကသိုလ် အင်းယားလမ်းတစ်လျှောက် မြေယာရှုခင်းပြုပြင်ထိန်းသိမ်းနေမှုနှင့် တက္ကသိုလ်
ဥပဓိရုပ်ကောင်းမွန်ရေးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment