Tuesday, June 16, 2026

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ရှိ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး

 

ပြည် ဇွန်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဇွန် ၁၄ ရက်နေ့က ပြည်မြို့၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။





ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ဆေးရုံလာရောက်ပြသူများအား နွေးနွေးထွေးထွေးလိုက်လံနှုတ်ဆက်ခဲ့ပြီး အချိုရည်နှင့် အာဟာရမုန့်များ ပေးဝေခဲ့သည်။ ၎င်းနောက် ရောဂါအမျိုးအစားအလိုက် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ဒေသထွက်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကျန်းမာရေးစောင့်ရှောက်မှုလာရောက် ခံယူနေကြသည့် ရဟန်းရှင်လူပြည်သူများအား ဝန်ဆောင်မှုဆိုင်ရာကူညီမှုများ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့၊ ပရဟိတအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပြည်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ (၁၇၀၀) ဦးကျော်အား ဦးနှောက်နှင့် အာရုံကြောရောဂါ၊ သွေးနှင့်ပတ်သက်သည့်ရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ရင်ခေါင်းနှင့် ပတ်သက်သည့်ရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါ၊ အရိုးအဆစ်ရောဂါ၊ မျက်စိ/ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ ဆီးနှင့် ကျောက်ကပ်ရောဂါများအား စစ်ဆေးကုသပေးလျက်ရှိပြီး လိုအပ်သည့် ဆေးဝါးများ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)

No comments:

Post a Comment