Saturday, June 27, 2026

လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဝေးလံဒေသများအတွက် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်

နေပြည်တော် ဇွန် ၂၆

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း တစ်ရက်တည်းဖြင့် အပြီးထုတ်ပြန် ကြေညာသွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာန များ၏ အောင်စာရင်းများကို ဇွန်လ (၂၈) ရက်နေ့ တနင်္ဂနွေနေ့ နံနက် (၆) နာရီတွင် မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ စတင်ထုတ်လွှင့် ကြေညာပေးသွားမည် ဖြစ်သည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ထုတ်လွှင့်ပေးမည့် စာစစ်ဌာနများမှာ ကချင်ပြည်နယ်မှ အထက (၁) တနိုင်း၊ အထက-ရှင်ဗွေယန်၊ အထက (၁) မိုးညှင်း၊ အထက (၂) မိုးညှင်း၊ အထက-ဟိုပင်၊ အထက (၁) မိုးကောင်း၊ အထက-နမ္မတီး၊ အထက-ပင်းဘော၊ အထက-ဖားကန့်၊ အထက-ကာမိုင်း၊ အထက (၁) ရွှေကူ၊ အထက-ပူတာအို၊ အထက-မချမ်းဘော့နှင့် အထက-နောင်မွန်စာစစ်ဌာန၊ ကရင်ပြည်နယ်မှ အထက-ဘုရင့်နောင်တပ်၊ အထက-လိပ်သို၊ အထက-ကမမောင်းနှင့် အထက (၂) ကော့ကရိတ်စာစစ်ဌာန၊ ချင်းပြည်နယ်မှ အထက (၁) တီးတိန်စာစစ်ဌာန၊ ရခိုင်ပြည်နယ်မှ အထက-သက္ကေပြင်ကုန်း၊ အထက (၁) ကျောက်ဖြူ၊ အထက (မာန်အောင်)၊ အထက(ခွဲ)ဈေးတန်း၊ အထက-ဇရပ်ကုန်းခင်၊ အထက-ကျောက်တန်းနှင့် အထက-ကမားစာစစ်ဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ အထက-တင်းထက်၊ အထက-မိုင်းကိုင်၊ အထက-ကွန်ဟိန်း၊ အထက-မိုင်းရှူး၊ အထက-ဝမ်ကန်၊ အထက-ကျေးသီး၊ အထက-မိုင်းနောင် (ကျေးသီး) နှင့် အထက-မောက်မယ်စာစစ်ဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ အထက (၁) တန့်ယန်း၊ အထက-မိုင်းရယ်၊ အထက (၂) မူဆယ်၊ အထက (၁) ကျောက်မဲနှင့် အထက-နမ့်လန်စာစစ်ဌာန၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း) မှ အထက-မိုင်းခတ်၊ အထက-မိုင်းပျဉ်း၊ အထက-မက်မန်း၊ အထက-မိုင်းဆတ်၊ အထက-မိုင်းတုံ၊ အထက-မိုင်းဖြတ်နှင့် အထက-မိုင်းယောင်းစာစစ်ဌာန၊ တနင်္သာရီတိုင်းဒေသကြီးမှ အထက-ကျွန်းစု၊ အထက (၁) ပုလောနှင့် အထက-ဘုတ်ပြင်း စာစစ်ဌာန၊ မကွေးတိုင်းဒေသကြီးမှ အထက-ငဖဲ၊ အထက-ပဒါန်း၊ အထက-ရေစကြို၊ အထက-ပေါက်၊ အထက-ဂန့်ဂေါ၊ အထက-ကျောနှင့် အထက-ဟံသာဝတီစာစစ်ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အထက(၁)ကလေး၊ အထက(၃) ကလေး၊ အထက (၆) ကလေး၊ အထက-အင်ဒိုင်းကြီး၊ အထက-မင်းကင်း၊ အထက-ပန်းဆက်၊ အထက-ကလေးဝ၊ အထက (၁) တမူး၊ အထက (၁) ကန့်ဘလူ၊ အထက-ထန်းကုန်း၊ အထက (၁) ရေဦး၊ အထက-အရာတော်၊ အထက (၁) ကသာ၊ အထက-ဗန်းမောက်၊ အထက- ဝန်းသို၊ အထက-မော်လိုက်၊ အထက-ကင်းတပ်၊ အထက-ဖောင်းပြင်၊ အထက (၁) ဟုမ္မလင်း၊ အထက(၂)ဟုမ္မလင်း၊ အထက- ကတ်သာ၊ အထက-မောင်းခမ်း၊ အထက-ထမံသီ၊ အထက-နမ့်တော၊ အထက- လေရှီး၊ အထက-ဆွမ္မရာ၊ အထက-ပန်ဆပ်၊ အထက-လဟယ်၊ အထက-နန်းယွန်းနှင့် အထက-ပန်ဆောင်စာစစ်ဌာန၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) မှ အထက-ကျောက်ကြီးစာစစ်ဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ အထက-ကိုကိုးကျွန်း စာစစ်ဌာနတို့ဖြစ်သည်။

၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်လွှင့်ပေးမည့် စာစစ်ဌာနများမှာ ကချင်ပြည်နယ်မှ အစမ (မိုးညှင်း) စာစစ်ဌာန၊ ကယားပြည်နယ်မှ အစမ (ချိကယ်) စာစစ်ဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ အစမ (ပေါင်လင်း) စာစစ်ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အစမ (လဟယ်) နှင့် အစမ (နန်းယွန်း) စာစစ်ဌာန တို့ဖြစ်ပါသည်။

အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြေညာချက်များကို မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှ လှိုင်းတို (၅၀ ဒသမ ၇၁ မီတာ)၊ (၅၉၁၅ ကီလိုဟက်ဇ်) မှလည်းကောင်း၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ လှိုင်းလတ် (၄၁၁ ဒသမ ၅၂ မီတာ)၊ (၇၂၉ ကီလိုဟက်ဇ်) မှလည်းကောင်း အသီးသီးဖမ်းယူနားဆင်နိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment