Sunday, June 14, 2026

“သမိုင်းအစ ယဉ်ကျေးမှုက” သမိုင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

 


နေပြည်တော် ဇွန် ၁၃

သမိုင်းအစ ယဉ်ကျေးမှုက” ခေါင်းစဉ်ဖြင့် သမိုင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီး၊ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တက္ကသိုလ်နှင့် အခြေခံကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများ တက်ရောက်ကြသည်။

ရှင်းလင်းတင်ပြ

ဟောပြောပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က သမိုင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

မေးမြန်းဆွေးနွေး

ယင်းနောက် မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတိုးလှက “သမိုင်းအစ ယဉ်ကျေးမှုက” ခေါင်းစဉ်ဖြင့် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူ၊ ပုဂခေတ်စသည်ဖြင့် မြန်မာ့ယဉ်ကျေးမှုအဆင့်ဆင့် ထွန်းကားတိုးတက်ပြောင်းလဲသော သမိုင်းဆိုင်ရာအကြောင်းအရာများကို ဟောပြောဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment