နေပြည်တော် ဇွန် ၂၆
သာသနာရေးဝန်ကြီးဌာန မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၌ ကျင်းပရာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယ ဝန်ကြီး ဦးလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက
အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ သတ်မှတ် နေရာများ၌ ပျိုးပင်များကို ဦးဆောင်စိုက်ပျိုးကာ
အရာထမ်း၊ အမှုထမ်းများက အမျိုးသားရေးလှုပ်ရှား မှုအသွင်ဖြင့် တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးမှုနှင့်
ယခင်နှစ်က စိုက်ပျိုးထားရှိသော မန်ကျည်းပင်များ ရှင်သန်ဖြစ်ထွန်းမှုအခြေအနေတို့ကို
ကြည့်ရှု စစ်ဆေးသည်။
သာသနာရေးဝန်ကြီးဌာနအနေဖြင့်
ယနေ့တွင် မန်ကျည်းပျိုးပင် ၂၀၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်

No comments:
Post a Comment