Monday, June 29, 2026

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ခုတင် (၅၀) ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ (တွန်းဇံ) ၌ ပြင်ပလူနာများအား ဆေးကုသပေးနေမှု ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဇွန် ၂၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့က တီးတိန်-တွန်းဇံ လမ်းပိုင်းအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လမ်းများအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ လိုအပ်သည့်နေရာများတွင် Culvert များ တည်ဆောက်ရန်၊ မိုးရာသီတွင် ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် တွန်းဇံမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာကျင့်သုံးရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာတွင် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကိုထိခိုက်စေသော လုပ်ကိုင်ဆောင်ရွက်မှုများကို အလေးထားရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တွန်းဇံမြို့ရှိ Cyclone Shelter (သဘာဝဘေးဒဏ်ခိုလှုံသည့်နေရာ) အား ကြည့်ရှုပြီး ခုတင် (၅၀) ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ (တွန်းဇံ) ၌ ဆေးရုံအုပ် (တာဝန်ခံ)၊ တပ်မတော်မှ ဆရာဝန်၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဆေးရုံတွင် ပြင်ပလူနာများအား ဆေးကုသပေးနေမှုအခြေအနေနှင့် အတွင်းလူနာများအား လက်ခံကုသပေးရန် ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လာရောက်ဆေးကုသမှုခံယူသည့် ပြည်သူများနှင့် ဝန်ထမ်းများအား ထောက်ပံ့ကြေးနှင့် ကော်ဖီထုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment