နေပြည်တော် ဇွန် ၂၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယနေ့တွင် ချင်းပြည်နယ် တီးတိန်မြို့ရှိ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံအုပ်ကြီး၊ ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ ပြည်သူ့ဆေးရုံကြီးတွင်
ဆေးရုံအုပ်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၈၀ ဖြင့် ခွဲစိတ်ကုသမှုနှင့် ဆေးကုသမှုများ
ဆောင်ရွက်လျက်ရှိရာ ခွဲစိတ် ကုသမှုခံယူသူ ၁၇ ဦး၊ မီးဖွားသူ ၁၄ ဦး၊ ဖျားနာလူနာ ၁၁ ဦး
စုစုပေါင်း ၄၃ ဦး တက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထို့နောက် ဆေးရုံဝင်းအတွင်းရှိ
အဆောက်အအုံများကို လှည့်လည်ကြည့်ရှုပြီး ဆေးရုံဝန်ထမ်းများနှင့် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့်
ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားကာ ထောက်ပံ့ကြေးနှင့် ကော်ဖီထုပ်များ
ဝေငှပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment