နေပြည်တော် ဇွန် ၂၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဒုတိယမြို့တော်ဝန်နှင့်အတူ ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့ သောက်သုံးရေ ပေးဝေရေးအတွက် ချောင်းမကြီးဆည်မှ ပုဗ္ဗသီရိမြို့သို့ရေကူပေးပို့သည့် ပိုက်လိုင်းကို OD - 450mm HDPE ပိုက်ပေ ၉၀၀၀ အစားထိုးသွယ်တန်းခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ချောင်းမငယ်ဆည်မှ ရေကိုဆင်အုံကန်မှတစ်ဆင့် တစ်ရက်ရေဂါလန်ခြောက်သန်းရယူ၍ သန့်စင်ဖြန့်ဝေပေးမည့် ဓနသိဒ္ဓိရေစက်ရုံတွင် လုပ်ငန်းလည်ပတ်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment