နေပြည်တော် ဇွန် ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်၌ တည်ရှိသည့် မန်းဓာတ်အားပေးစက်ရုံကို Supervisory Control And Data Acquisi-tion (SCADA) စနစ်ဖြင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်နေသော အခြေအနေကို National Control Center (NCC နေပြည်တော်) မှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်၊ ဓာတ်အားစနစ်ထိန်းချုပ်ကွပ်ကဲမှု ပိုမိုကောင်းမွန်စေရန်နှင့် ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ မန်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်နေသော ဖီဒါများ၏ Multifunction Meter များအား အသစ်အစားထိုး လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်ရုံရှိ ၁၃၂/၃၃/၁၁ ကေဗွီ ၅၀ အမ်ဗွီအေထရန်စဖော်မာအား ဇွန် ၁၄ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိလည်းကောင်း၊ ၁၃၂/၆၆/၁၁ ကေဗွီ ၄၀ အမ်ဗွီ အေထရန်စဖော်မာအား မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိလည်းကောင်း ယာယီဓာတ်အားပိတ်၍ လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ လုပ်ငန်းများဆောင်ရွက်နေစဉ် မန်းဓာတ်အားပေးစက်ရုံမှ
၃၃ ကေဗွီနှင့် ၁၁ ကေဗွီ၊ ဓာတ်အားလိုင်းများဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားသော ပွင့်ဖြူမြို့၊
စလင်းမြို့၊ မင်းဘူးမြို့၊ မလွန်မြို့၊ မင်းလှမြို့၊ စကုမြို့၊ ငဖဲမြို့၊
ဆင်းဂေါင်းကျေးရွာများ၊ ထောက်ရှာပင်ရေနံမြေနှင့် မင်းဘူးဓာတ်ငွေ့ရည်စက်ရုံတို့တွင်
ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ စက်ရုံ၊ အလုပ်ရုံများနှင့်
ဓာတ်အားသုံးစွဲသူ အများပြည်သူများကို ကြိုတင်အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း
သိရသည်။
ထို့အတူ ၂၃၀ ကေဗွီကနောင်ပင်မဓာတ်အားခွဲရုံရှိ ၃၃ ကေဗွီ
ခနောင်တိုဓာတ်အားလိုင်း နှင့် ၃၃ ကေဗွီမြို့ရုံး (၁) ဓာတ်အားလိုင်းတို့၏ ဆက်စပ် Switchbay (ဆွဒ်ဘေး) များ
ကြံ့ခိုင်ကောင်းမွန်စေရန်နှင့် မလိုလားအပ်သော ဓာတ်အားပြတ်တောက်မှုများ မဖြစ်ပေါ်စေရန်အတွက်
ဆွဒ်ဘေးထိန်းသိမ်းပြုပြင်ခြင်းနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများတစ်လျှောက်
သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို အောက်ဖော်ပြပါအတိုင်း
ဆောင်ရွက်သွားမည်ဖြစ်သည်-
ထို့အတွက် ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ
မိဘပြည်သူများအား သက်ဆိုင်ရာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့်
ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်
No comments:
Post a Comment