Friday, June 5, 2026

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၅)သင်တန်းတွင် တက်ရောက်လျက်ရှိသည့် နိုင်ငံ့သားကောင်းများအား တွေ့ဆုံအားပေး


နေပြည်တော် ဇွန် ၄

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၅) သင်တန်းမှ နိုင်ငံ့သားကောင်း သင်တန်းသားများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။

ဦးစွာတိုင်းမှူးက နိုင်ငံ့သားကောင်းပြည်သူ့ စစ်မှုထမ်းသင်တန်းသားများအား အမှာစကားပြောကြားသည်။ ထို့နောက်တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား အိပ်ဆောင်များနှင့် စားရိပ်သာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သင်တန်းသားစားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လယ်စာသုံးဆောင်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment