Thursday, June 11, 2026

ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော် ဇွန် ၁၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လီဆူ၊ ကယန်း၊ ကရင်ဖြူ၊ လိုင်ချင်း၊ အရှိုချင်း၊ ဒါးရင်ဒူး၊ မွန်၊ ရခိုင်၊ သျှမ်းနှင့် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ရာ အားလုံးအတူတကွလက်တွဲပြီး တိုင်းရင်းသားများအတွက် ရှေးရှု၍ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဖြည့်ဆည်းဆောင်ရွက်

ထို့နောက် ဒုတိယဝန်ကြီးက အသင်းအဖွဲ့များ၏ ဒေသဖွံ့ဖြိုးရေး၊ အသင်းအဖွဲ့မှတ်ပုံတင်ရေး၊ တိုင်းရင်းသားစာပေဖော်ထုတ်ရေး၊ တိုင်းရင်းသား ဘာသာစာပေသင်(TA/LT) ဆရာ ဆရာမများ ခန့်ထားရေးနှင့် သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးပြီး တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့ ၁၀ ဖွဲ့အား ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment