နေပြည်တော် ဇွန် ၁၄
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးလင်းအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်ရှိ ဘိုးမင်းချမ်းသာစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံမှုအခြေအနေကို ယနေ့နံနက် ၁၀ နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်ကောင်စီနယ်မြေဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် မဟာနာယကဆရာတော်သုံးပါးတို့အား ဖူးမြော်ကြည်ညိုပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဘိုးမင်းချမ်းသာစေတီတော်ကြီး၊ တံခွန်တိုင်၊ ရင်ပြင်နှင့် လိုအပ်သည်များ ပြုပြင်နိုင်ရန်အတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment