ရန်ကုန် ဇွန် ၁၇
မြန်မာ-ကမ္ဘောဒီးယား-ထိုင်း သုံးနိုင်ငံ လေကြောင်းလိုင်းများ တိုက်ရိုက်ပြေးဆွဲပါက မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှု တိုးတက်လာနိုင်ကြောင်း မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ် ဆွေးနွေးမှုများအရ သိရသည်။
မြန်မာ၊ တရုတ်၊
ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အမျိုးသားခရီးသွားလုပ်ငန်း
တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ၊ နိုင်ငံတကာခရီးသွား လုပ်ငန်းကျွမ်းကျင်ပညာရှင်များနှင့်
မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်
ဆွေးနွေးကြသည့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်ကို ရန်ကုန်မြို့ Pan Pacific Hotel ၌
ကျင်းပလျက် ရှိသည်။
“မြန်မာနိုင်ငံရဲ့
ခရီးသွားကဏ္ဍဖွံ့ဖြိုးဖို့ဆိုရင် ခရီးသွားဝင်ရောက်မှုများတဲ့ နိုင်ငံတွေနဲ့ တိုက်ရိုက်လေကြောင်းပြေးဆွဲမှုလိုပါတယ်။
ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲနိုင်ဖို့
ကြိုးပမ်းနေတာရှိပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ အန်ကောဝပ်ဘုရားကျောင်းကို နှစ်စဉ် ခရီးသွား
၅ သန်းနီးပါး ဝင်ရောက်နေတဲ့အတွက် အဲဒီကနေ မြန်မာနိုင်ငံကို တိုက်ရိုက်လေကြောင်းလိုင်းရှိမယ်ဆိုရင်
မြန်မာနိုင်ငံရဲ့ အသည်းနှလုံး ပုဂံအပါအဝင် အခြားခရီးသွားဒေသတွေကို ခရီးသွားတဖွဲဖွဲ
ဝင်ရောက်လာမှာပါ။ အဲဒီအစီအစဉ်ကို မြန်မာ-ကမ္ဘောဒီးယား-ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးလာမှုကို အထောက်အပံ့ဖြစ်စေမှာပါ”ဟု
မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းကပြောသည်။
မြန်မာ-ကမ္ဘောဒီးယား-ထိုင်း
သုံးနိုင်ငံသည် နိုင်ငံချင်း ဆက်စပ်တည်ရှိပြီး ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဆက်နွှယ်မှုတို့ကြောင့်
နိုင်ငံတကာခရီးသွားများ စိတ်ဝင်စားမှုများသည့် ခရီးစဉ်ဒေသများ ဖြစ်သည့်အတွက် ခရီးသွားကဏ္ဍ
ရေရှည်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်
ခရီးသွားအေဂျင်စီများက သုံးနိုင်ငံ လေကြောင်းလိုင်းများ တိုက်ရိုက်ပြေးဆွဲနိုင်ရေးကို
မျှော်လင့်လျက်ရှိကြောင်း သိရသည်။
သစ္စာ(MNA)၊ ဓာတ်ပုံ
- ဇွဲမာန်

No comments:
Post a Comment