နေပြည်တော် မေ ၉
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ PTTEP International Limited အမှုဆောင်အရာရှိချုပ်အား ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရေနံ့သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းနိုင်ငံအကြား
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာ့ကမ်းလွန်လုပ်ကွက်များ၏
ရှာဖွေရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်
တွင်းသစ်များ၊ ဖြည့်စွက်တွင်းများ တူးဖော်ရာတွင် နည်းပညာဆိုင်ရာ
ဖြေရှင်းဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား
တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်နေသည့် လုပ်ကွက် M3 (အောင်သိင်္ခစီမံကိန်း)
၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် မြန်မာ့ရေနက်ကမ်းလွန်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံလိုသည့်
ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment