နေပြည်တော် မေ ၃၀
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗုဒ္ဓဂါယာယဉ်ကျေးမှုနယ်မြေ၊ မဟာဗောဓိ မဟာဝိဟာရ ဘုရားကျောင်းဝင်းအတွင်းရှိ မဟာဗောဓိစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မဟာဗောဓိ မဟာဝိဟာရဘုရား
ကျောင်းသို့ရောက်ရှိကြပြီး မဟာဗောဓိစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်
မြတ်အားဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သောက်တော်ရေချမ်း၊ ဆီမီး၊ ပန်းနှင့်
သင်္ကန်းများကပ်လှူပူဇော်သည်။ ထို့နောက် နိုင်ငံတော်သမ္မတကိုယ်စား ဆရာတော်ကြီးတစ်ပါးက
ဗုဒ္ဓရုပ်ပွားတော်မြတ်အား သင်္ကန်းကပ်လှူပူဇော်သည်။
ထို့နောက်
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဗဟာဗောဓိစေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ
ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ
ကပ်လှူပူဇော်ကြသည်။ ယင်းနောက် မဟာဗောဓိစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်
ဖူးမြော်ကြည်ညိုပြီး မဟာဗောဓိပင်အား ဖူးမြော်ကြည်ညို၍
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူအား လှူဒါန်းသည်။
၎င်းနောက်
နားနေဆောင်တွင် နိုင်ငံတော်သမ္မတက မဟာဗောဓိစေတီတော်မြတ်ကြီး
ဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူငွေများအား မဟာဗောဓိကျောင်းဆရာတော်ထံ
ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်သည်။ ယင်းနောက်
နိုင်ငံတော်သမ္မတသည် မဟာဗောဓိစေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်
မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ထို့နောက်
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဗဟာဗောဓိ မဟာဝိဟာရဘုရားကျောင်းအတွင်း လှည့်လည်ဖူးမြော်ကြပြီး
မုစ္စလိန္ဒအိုင်ရှိ ငါးများအား အာဟာရဒါနအဖြစ် အစာများကျွေးကြသည်။
ဆက်လက်ပြီး
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် သုဇာတကျောင်းတော်သို့ ရောက်ရှိကြပြီး
ကျောင်းတော်အတွင်း လှည့်လည်ဖူးမြော်၍ ကျောင်းတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား
ပန်း၊ ရေချမ်း၊ ဆီမီးနှင့် နို့ဆွမ်းကပ်လှူပူဇော်သည်။ ထို့နောက် နိုင်ငံတော်သမ္မတက
ဘုရားကျောင်းအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး
လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။
ယင်းနောက်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်
မြင့်ကိုယ်စားလှယ်အဖွဲ့သည် မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းသို့
ရောက်ရှိကြပြီး ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒမုနိအား ဖူးမြော်ကြည်ညို၍
ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက်
နိုင်ငံတော်သမ္မတက ဆရာတော်ကြီးထံ သင်္ကန်းပရိက္ခရာများနှင့် လှူဖွယ်ပစ္စည်းများ၊
နဝါကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက နိုင်ငံတော်သမ္မတထံ
ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်သည်။
ယင်းနောက်
နိုင်ငံတော်သမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက
ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို
အသီးသီးဆက်ကပ်လှူဒါန်းကြ သည်။
၎င်းနောက်
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍
လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည်
မွန်းလွဲပိုင်းတွင် ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့်
နယူးဒေလီမြို့သို့ ဆက်လက်ထွက်ခွာကြရာ ဘီဟာပြည်နယ်အုပ်ချုပ်ရေးမှူး Lt. Gen. (Rted) Syed Ata Hasnain ၊မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ
လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက်
နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့်
အထူးလေယာဉ်သည် ညနေပိုင်းတွင် နယူးဒေလီမြို့၊ Palam လေတပ်စခန်းသို့ ရောက်ရှိကြရာ အိန္ဒိယအစိုးရ
အဖွဲ့ဝင်ဖြစ်သူ Minister of State for External Affairs Shri Kirti Vardhan
Singh ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး၊ Palam
လေတပ်စခန်းဌာနချုပ်မှူးနှင့် တာဝန်ရှိသူများ၊ အိန္ဒိယ နိုင်ငံဆိုင်ရာ
မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများက လေဆိပ်တွင်
လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ထိုသို့ကြိုဆိုနှုတ်ဆက်ရာတွင်
ဂုဏ်ပြုတပ်ဖွဲ့မှလည်း လျှောက်လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ခြံရံ၍
ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment