Sunday, May 31, 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း ကော်မရှင်ရုံးခွဲ (မော်လမြိုင်) ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ



နေပြည်တော် မေ ၃၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းသည် ယနေ့နံနက်ပိုင်းတွင် ကော်မရှင် ရုံးခွဲ (မော်လမြိုင်) ရှိ အစည်းအဝေး ခန်းမ၌ ကော်မရှင်ရုံးခွဲမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးက ရုံးခွဲစတင်ဖွင့်လှစ်ခဲ့မှု၊ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခဲ့မှု၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားမှု၊ အသိပညာပေးရေး၊ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို အသိတရားရရှိအောင် အသိပညာပေးလုပ်ငန်းများကို အကြိမ်ကြိမ်ဆောင်ရွက် ခြင်းကြောင့် အကောင်းဆုံးအဖြေ တစ်ခု ဖြစ်လာနိုင်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်လာ သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းတစ်ဦးချင်း အနေဖြင့် အရည်အချင်း၊ ဝမ်းစာပြည့်ဝနေအောင် အမြဲတမ်းဖြည့်ဆည်းထားရန် လိုအပ်ကြောင်း မှာကြားသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌက ရုံးခွဲရှိ ဝန်ထမ်းများနှင့် မိသားစုများအတွက် ဆန်၊ စားသုံးဆီနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ရာ ရုံးခွဲတာဝန်ခံနှင့် မိသားစုများက လက်ခံရယူပြီး ရုံးခွဲအဆောက် အအုံအတွင်း ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုနှင့် ကော်မရှင်ရုံးခွဲ ဝန်ထမ်းအိမ်ရာ များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment