ဘားအံ မေ ၂၉
လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ကရင်ပြည်နယ် လူငယ်စင်တာ၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ရေးရာလှုပ်ရှား ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ် GYM အားကစားခန်းမ လှာကမြင်ကွက်သစ် ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကရင်ပြည်နယ် လက်ရွေးစင် ဘော်လီဘောအသင်း၏ သရုပ်ပြယှဉ်ပြိုင်ကစားမှု၊ မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်းသားများ၏ လက်ဝှေ့ရေးနှင့် သတ် (၉) သတ် သရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးပြီး ရိုးရာလက်ဝှေ့သင်တန်းသား သင်တန်းသူ လူငယ်များနှင့် နည်းပြအုပ်ချုပ်သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)

No comments:
Post a Comment