နေပြည်တော် မေ ၁၈
လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လူငယ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ယနေ့နံနက် ၉ နာရီက နေပြည် တော် မင်္ဂလာသီရိဟိုတယ်ခန်းမ၌ တွေ့ဆုံသည်။
ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လို
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက
လက်ရှိလူငယ်များအနေဖြင့် သမိုင်းကြောင်းအစဉ်အလာ ကောင်းမွန်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင်
ပူးပေါင်းပါဝင်ဆောင်ရွက်ရေးသည် ယနေ့အခမ်း အနား တက်ရောက်လာကြသည့် အသင်းအဖွဲ့အစည်းများရှိ
လူငယ်များတွင်လည်း တာဝန်ရှိပါကြောင်း၊ လူငယ်ကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအောင်မြင်စေရန်အတွက်
မိမိတို့ဝန်ကြီးဌာနနှင့် အသင်းအဖွဲ့အစည်းများ၊ ပြည်သူများ ယခုထက်ပိုမိုပူးပေါင်းပါဝင်
ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက
လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းပြင်ပလူငယ်များ အသက်မွေးဝမ်းကျောင်းသင်တန်းများ
တက်ရောက်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကျောင်းနေ လူငယ်များ အသိပညာ၊ အတတ်ပညာ
ပိုမိုပြည့်စုံလာစေရေး၊ နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးဆိုင်ရာ
ကိစ္စရပ်များကို မေးမြန်း အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း
သိရ သည်။
သတင်းစဉ်

No comments:
Post a Comment