Friday, May 29, 2026

၂၀၂၆-၂၀၂၇ မိုး၊ ဆောင်း၊ နွေ ရာသီပြည့်သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် လျာထားချက် အပြည့်အဝအကောင်အထည်ဖော်စိုက်ပျိုးနိုင်ရေး ဆွေးနွေး

 

နေပြည်တော် မေ ၂၈

၂၀၂၆-၂၀၂၇ မိုး၊ ဆောင်း၊ နွေ ရာသီပြည့် သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် လျာထားချက် အပြည့်အဝအကောင်အထည်ဖော် စိုက်ပျိုးနိုင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြိုနယ် ဘဲကုန်းကျေးရွာ၌ကျင်းပရာ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူ ၁၂၂ ဦး တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းက ၂၀၂၆-၂၀၂၇ မိုး၊ ဆောင်း၊ နွေ ရာသီပြည့် သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် လျာထားချက် အပြည့်အဝ အကောင်အထည်ဖော်စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းများအား တောင်သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းအပြင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ ဓာတ်မြေဩဇာလျှော့ချသုံးစွဲခြင်း နည်းပညာကိုလိုက်ပါ ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် တောင်သူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး တောင်သူတစ်ဦးချင်းအား ကန်သင်းသီးနှံစိုက်ပျိုးရန် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment