နေပြည်တော် ဧပြီ ၆
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လမ်းတံတားများ တည် ဆောက်ပေးခြင်း၊ ဆည်မြောင်းတာတမံများ တူးဖော်ပေးခြင်း၊ မီးမရရှိသည့် ဒေသများတွင် လျှပ်စစ်မီးများရရှိအောင် ဆောင်ရွက်ပေးခြင်းများကို ဘက်ပေါင်းစုံ မှ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း NUG လက်ဝေခံ PDF အမည်ခံ အကြမ်း ဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို ရှေးရှု၍ အစိုးရအုပ်ချုပ်မှုယန္တရား များ ရပ်တန့်စေရန်အတွက် ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများ၊ ဆည်မြောင်းတာတမံများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထု၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက် ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီး ကျွန်းလှမြို့နယ်အတွင်းရှိ
သဖန်းဆိပ်ရေလှောင်တမံနှင့် ပတ်ဝန်းကျင်ကျေးရွာများ အား ယာယီစိုးမိုးထားပြီး အဖျက်အမှောင့်လုပ်ငန်းများကို
နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက် ရှိသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့်
သဖန်းဆိပ်ရေလှောင်တမံနှင့် ပတ်ဝန်းကျင်ကျေးရွာ များအား ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့်
ပြန်လည်ရရှိရေးအတွက် လိုအပ်သည့်စုဖွဲ့မှုများအား စနစ် တကျဆောင်ရွက်ပြီး စစ်ကြောင်းများခွဲ၍
ပစ်ခတ်မှုနှင့် စစ်ကစားမှုကို ဟန်ချက်ညီညီပေါင်းစပ်ကာ တိုက်ပွဲဝင်အရာရှိစစ်သည်များ၏
စိတ်ဓာတ်တက်ကြွ၍ တိုက်လိုခိုက်လိုစိတ်ပြင်းပြမှု၊ မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝီရိယရှိမှုတို့ဖြင့်
အဆိုပါဆည်ကြီးရှိ အဆောက်အအုံများနှင့် စက်ပစ္စည်းကိရိယာများ ထိခိုက်ပျက်စီးမှုမရှိစေရေး
ကန့်သတ်ချက်များကြားမှ ထိန်းထိန်း သိမ်းသိမ်းဖြင့် တိုက်စစ်ဆင်ချေမှုန်းခဲ့ရာ သဖန်းဆိပ်ရေလှောင်တမံအား
မတ် ၂၈ ရက်တွင်လည်းကောင်း၊ အဆိုပါရေလှောင်တမံ၏ အနောက်ဘက် မီတာ ၅ ထောင်ခန့်အကွာတွင်
တည်ရှိသောအင်တိုင်းကျေးရွာအား ယနေ့နေ့လယ်ပိုင်းတွင်လည်းကောင်း အသီးသီး ပြန်လည်သိမ်းပိုက်ရရှိခဲ့ကာ
အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး
အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်ကျဆုံးမှုများစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြသည်။
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်
ဆုတ်ခွာထွက်ပြေးသွားစဉ် သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့်
စက်ရုံရှိ လျှပ်စစ်ဓာတ်အားပေး စက်ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့ပြင်
အင်တိုင်းကျေးရွာအတွင်းရှိ အပြစ်မဲ့ဒေသခံ ပြည်သူများ၏နေအိမ်များကို ဆက်လက်မီးရှို့ဖျက်ဆီးသွားသဖြင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် ခြင်းနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ်များကို
ဆောင်ရွက်ခဲ့ကြရသည်။
အကြမ်းဖက်သောင်းကျန်းသူများက
သဖန်းဆိပ်ရေလှောင်တမံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစတင်၍
ယာယီစိုးမိုးထိန်းချုပ်ခဲ့ပြီး အဆိုပါရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်းရှိ တန်ဖိုးကြီးပစ္စည်းများကို
ယူဆောင်သွားခြင်း၊ ဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ သဖန်းဆိပ်ရေလှောင်တမံသည်
စိုက်ပျိုးမြေဧက ငါးသိန်းကျော်ကို အဓိကရေပေးဝေနေသော တမံတစ်ခုဖြစ်သည်။ ထို့ပြင် သဖန်းဆိပ်ရေအား
လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်လည်း နိုင်ငံတော်ဓာတ်အားပေးစနစ်တွင် လျှပ်စစ်ပုံမှန်ပို့လွှတ်ပေးနေသော
စက်ရုံတစ်ခုဖြစ်ပြီး အဆိုပါစက်ရုံအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်နိုင်မှုမှာလည်း
ပျက်စီးဆုံးရှုံး၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာခဲ့ရသည်။
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်
ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသည့်
ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင် ခြင်းမရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံအား မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့်
ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက
တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပျက်စီးသွားသော လျှပ်စစ်ဓာတ်အားပေး စက်ရုံအား ပြန်လည်လည်ပတ်နိုင်ရေး
ပြင်ဆင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
%20(%E1%80%99%E1%80%BC%E1%80%B1%E1%80%95%E1%80%AF%E1%80%B6)%20%E1%80%9E%E1%80%96%E1%80%94%E1%80%BA%E1%80%B8%E1%80%86%E1%80%AD%E1%80%95%E1%80%BA%20%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%9C%E1%80%8A%E1%80%BA%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD%20%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%81%E1%80%BB%E1%80%80%E1%80%BA%20(%E1%80%94%E1%80%99%E1%80%81)%20(%E1%81%86-%E1%81%84-%E1%81%82%E1%81%80%E1%81%82%E1%81%86)++++.jpg)
No comments:
Post a Comment