နေပြည်တော် ဧပြီ ၂၇
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဒေါက်တာ ခါလစ်ဘင်မို ဟာမက်အယ်လ် အက်တီယာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား နှစ်နိုင်ငံစီးပွားရေး
ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊
လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်သွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment