မှန်ကန်သော သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထုသိရှိနိုင်စေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနား- သပြေတောင် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပျဉ်းမနားမြို့နယ်ရုံးနှင့် လယ်ဝေးမြို့နယ်ရုံးတို့ကို သွားရောက်၍ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပျဉ်းမနား-သပြေတောင်
ထပ်ဆင့်လွှင့်စက်ရုံ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်များ၊
ဆောင်ရွက်ချက်များနှင့် အစိုးရသစ်၏ ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်သည့်စီမံချက်များကို
မီဒီယာမှတစ်ဆင့် ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်အောင် ကြိုးစားဆောင်ရွက်ပေးကြရန်၊
ထုတ်လွှင့်မှုအရည်အသွေးကောင်းမွန်စေရန်နှင့် ရုပ်သံရိုက်ကူးရေးနှင့် ထုတ်လွှင့်မှုဆိုင်ရာကိစ္စရပ်များကို
ဆွေးနွေးမှာကြားသည်။
ထို့နောက် ထပ်ဆင့်လွှင့်စက်ရုံမှတစ်ဆင့်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် ထည့်သွင်းရန်အတွက် ဝန်ကြီးဌာနများမှ
ရိုက်ကူးပြီး သတင်းအရုပ်များအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (တပ်ကုန်း)သို့ ပေးပို့သည့်
Up Link လုပ်ငန်းဆောင်ရွက်နေမှု၊ DVB-T2 စနစ်ဖြင့် ထုတ်လွှင့်သည့် လွှင့်စက်များ၊
FM ထုတ်လွှင့်စက်များဖြင့် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ထပ်ဆင့်လွှင့်စက်ရုံ စားရိပ်သာ၊
ဝန်ထမ်းအိမ်ရာ၊ အဆောင်နှင့် တာဝါတိုင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ပျဉ်းမနားမြို့နယ်ရုံးနှင့် လယ်ဝေးမြို့နယ်ရုံးတို့သို့ ရောက်ရှိပြီး ကလေးစာဖတ်ခန်းများ
ခင်းကျင်းပြင်ဆင်ထားရှိမှု၊ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Bus) ဖြင့်
စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ စာအုပ်စာစောင်များ
စနစ်တကျ ထိန်းသိမ်းပြီး ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်စေရန် ဆောင်ရွက်ထားရှိမှုနှင့်
စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲ
ကျင်းပနေမှုတို့ကို ကြည့်ရှုအားပေးကာ ဝန်ထမ်းများနှင့် ကလေးငယ်များကို စားသောက်ဖွယ်ရာများ
ပေးအပ်သည်။
အဆိုပါရုံးများသို့
ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးက
ဝန်ထမ်းများနှင့် တွေ့ဆုံပြီး အစိုးရသစ် ရက် (၁၀၀) အတွင်း ဌာနအလိုက် သိသာထင်ရှားသည့် တိုးတက်ပြောင်းလဲမှုများရှိစေရေး
ခရိုင်/ မြို့နယ် အဆင့်ရုံးများကလည်း အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေး၊
မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ သတင်းအချက်အလက်များကို ကျေးလက်ဒေသများအထိ ရောက်ရှိအောင်
ဆောင်ရွက်သွားကြရန်၊ စာဖတ်ခြင်းဖြင့် လူငယ်များ၏ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေရေးတို့အတွက်
နယ်လှည့်စာကြည့်တိုက်များနှင့် စာပေပွဲတော်များမှတစ်ဆင့် ဆောင်ရွက်သွားကြရန်။
ပြည်သူများကိုဝန်ဆောင်မှုပေးရာတွင်
ကြန့်ကြာမှုမရှိစေဘဲ မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် ဆောင်ရွက်ပေးရန်၊ စာကြည့်တိုက်များတွင်
ကွန်ပျူတာသင်တန်းများကဲ့သို့ အတတ်ပညာ၊ အသိပညာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရန်၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်
ဆောင်ရွက်ရန်၊ နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်
သိရှိနိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရန်၊ သတင်းတု၊ သတင်းမှားများကို ပြန်လည်တုံ့ပြန်နိုင်ရေး၊ ပြည်သူများထံ သတင်းမှန်များ အချိန်ကိုက်ရောက်ရှိနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment