နေပြည်တော် ဧပြီ ၂၇
အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တွေ့ဆုံ၍ နေပြည်တော်အတွင်းရှိ ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ်
ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအနက်မှ
ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင်
နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့်
ရှမ်းပြည်နယ်စသည့် ဒေသသုံးခုရှိ ကျေးလက်နေအမျိုးသမီးများအတွက် ဦးစားပေးဆောင်ရွက်ရန်
စီမံကိန်းရေးဆွဲထားပါကြောင်း၊ စီမံကိန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျေးလက်စာကြည့်တိုက်များ
ဖွင့်လှစ်ပေးနိုင်ရန်ကူညီပံ့ပိုးရေး၊ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းနေနိုင်ရေး၊
အမျိုးသမီးများ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရေးနှင့်
အလုပ်အကိုင်အခွင့်အလမ်းရရှိရေး စသည်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသသုံးခုရှိ
ကျေးရွာများတွင် ကနဦးဆောင်ရွက်မည်ဖြစ်၍ နေပြည်တော်အတွင်းရှိ ကျေးရွာများတွင်စတင်၍
ရှေ့ပြေးစီမံကိန်းများ ချမှတ်ပြီးဆောင်ရွက်ရန်အတွက် Base line Data များ
ကောက်ယူခြင်း၊ စီမံကိန်းရေးဆွဲခြင်းတို့တွင် နေပြည်တော်ကောင်စီအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း
ပြောကြားသည်။
ထို့နောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်မြို့နယ်ရှစ်ခုတွင် မြို့နယ်အဟောင်းသုံးခုဖြစ်သော
လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်းတို့သည် ကျေးလက်နေပြည်သူများ များပြားပါကြောင်း၊
အမျိုးသမီးများအတွက် အသက်မွေးသင်တန်းများ ဖွင့်လှစ်ပေးစေလိုပါကြောင်း၊ Target ထားပြီး
ဆောင်ရွက်ပေးစေလိုပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း
ဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲသို့
အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊
အတွင်းရေးမှူး၊ တာဝန်ရှိသူများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနင့်
နေပြည်တော်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments:
Post a Comment