နေပြည်တော် မတ် ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယနေ့တွင် မွန်ပြည်နယ် မုဒုံမြို့ ကျုံဖိုက်ကျေးရွာအနီးရှိ စိုက်ပျိုးရေးဦးစီးဌာန ကန်ကလေးခြံသို့ ရောက်ရှိပြီး ဒူးရင်းသီးနှံအား သီးထွက်စောစွာရရှိရန် သုတေသနပြုဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆွေးနွေးမှာကြား
ကြည့်ရှုစစ်ဆေးစဉ်
ပြည်ထောင်စုဝန်ကြီးက ဒူးရင်းသီးနှံ သီးထွက်စောစွာရရှိရန် သုတေသနပြုတွေ့ရှိချက်များနှင့်
လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဒူးရင်းစိုက်တောင်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရေး
နည်းပညာပေးဆောင်ရွက်ရန်၊ မိမိတို့ခြံမှ မျိုးသန့်မျိုးပွားထား သည့် ဒူးရင်းမျိုးများကို
တောင်သူများ လိုသလောက်ဝယ်ယူစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ရန်နှင့် မိမိတို့ခြံအတွင်း
တောင်သူများ လက်တွေ့ဝင်ရောက်လေ့လာနိုင်အောင် ဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားသည်။
ကန်ကလေးခြံအနေဖြင့်
စိုက်ပျိုး နည်းပညာပြန့်ပွားရေးနှင့် ဒေသသုတေသနလုပ်ငန်းများအပြင် ဒူးရင်း၊ ကြက်မောက်၊
ကျွဲကော၊ မင်းဂွတ်၊ ပိန္နဲ(ယိုးဒယား)၊ ကနစိုး၊ သစ်တို၊ အုန်း၊ အုန်းချိုမွှေး၊ ငရုတ်
ကောင်း စသည့်ရေမြေဒေသနှင့် ကိုက်ညီသော သစ်သီးဝလံသီးနှံ မျိုးများကို ကိုင်းဆက်၊ အဖူးမြှုပ်၊
မြေထုပ်စီး၊ အစေ့ပျိုးနည်းတို့ဖြင့် မျိုးကောင်းမျိုးသန့် ပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိ
သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံခြံ) ကို ကြည့်ရှုစစ်ဆေးပြီး
တာဝန်ရှိသူများအား မြေယာအသုံးချမှုနှင့်ပတ်သက်၍ တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းနှင့်အညီ
ဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန်၊ ရော်ဘာအထွက်နှင့် အရည် အသွေး မြင့်မားရေးအတွက် လိုအပ်သော
စီမံဆောင်ရွက်မှုများ ကြပ်မတ်ဆောင်ရွက်ရန်၊ မိမိတို့ ဌာနခြံမှ ပျိုးပင်ဖြန့်ဖြူးပေးခြင်းနှင့်အတူ
ရော်ဘာအထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်စေရေး အတွက် လိုက်နာဆောင်ရွက်ရမည့် နည်းပညာဆိုင်ရာထောက်ခံအကြံပြုချက်များ
တစ်ပါတည်း နည်းပညာပေး ဆောင်ရွက်ပေးရန်၊ စိုက်ပျိုးလုပ်ကိုင်သူအတွက် အကျိုးဖြစ်ထွန်းနိုင်စေရေးနှင့်
ထုတ်လုပ်တင်ပို့မှု ကွင်းဆက် တစ်လျှောက် တရားဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေးဆောင်ရွက်
ရန်ဆွေးနွေးမှာကြားကာ ရော်ဘာပင်များအကြားတွင် ကိုကိုးနှင့် ကော်ဖီသီးနှံများ စိုက်ပျိုး
အောင်မြင်နေမှုကို ကွင်းဆင်းကြည့်ရှုအားပေးသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည်
နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုး ရေးခြံ (မော်လမြိုင်ခြံ) ကို ကြည့်ရှုစစ်ဆေးပြီး
နှစ်ရှည်သီးနှံစိုက်ပျိုးခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ တိုးတက်အောင်ဆောင်ရွက်ရန်၊
စိုက်ပျိုးပညာပေးရေးလုပ်ငန်း ထိရောက်စွာ ဆောင်ရွက်ရန်၊ စီးပွားရေး တွက်ခြေကိုက်သော
နှစ်ရှည်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ
ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment