Tuesday, February 3, 2026

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Mr. Vasilii Sergeevich Osmakov ဂါရဝပြုလာရောက်တွေ့ဆုံ

 


နေပြည်တော် ဖေဖော်ဝါရီ ၂

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Mr. Vasilii Sergeevich Osmakov က ယနေ့မွန်းလွဲပိုင်းတွင် ပြည်‌ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ ဂါရဝပြုလာရောက်တွေ့ဆုံသည်။

အမြင်ချင်းဖလှယ်

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီး ဌာနများအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ၊ တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာ၊ သင်တန်းနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

လက်မှတ်ရေးထိုး

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို နှစ်နိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့် Mr.Vasilii Sergeevich Osmakovတို့က လက်မှတ်ရေးထိုးကြသည်။

တွေ့ဆုံပွဲနှင့် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment