Monday, February 2, 2026

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၁

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ထမနဲထိုးပြိုင်ပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ထမနဲထိုးပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများ စည်းလုံးညီညွတ်စွာဖြင့် အားကြိုးမာန်တက်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကာ အနိုင်ရရှိသော အသင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲကို မြန်မာ့ရိုးရာဓလေ့များ ထိန်းသိမ်းတန်ဖိုးထားတတ်စေရန်၊ ကြိုတင် ပြင်ဆင်မှုနှင့် စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ကောင်းများ ရရှိစေရေန်၊ လုပ်ငန်းခွင်အတွင်း စည်းလုံးညီညွတ်ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment