ချောင်းဆုံ ဖေဖော်ဝါရီ
၁၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ဓမ္မယုတ္တိကနိကာယ (မဟာရင်ဂိုဏ်း) နှစ်(၁၅၀)ပြည့်အထိမ်းအမှတ်နှင့် မဟာရင်ဂိုဏ်းလုံးဆိုင်ရာ (၁၂၇)ကြိမ်မြောက် ဓမ္မဝိနယစာပြန်ပွဲတော်ကြီးအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်၊ တော်ကနာကျေးရွာ ပဗ္ဗတမင်္ဂလာရုံကျောင်း၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဦးစွာ ဓမ္မယုတ္တိက နိကာယ(မဟာရင်ဂိုဏ်း)
နှစ်(၁၅၀)ပြည့်အထိမ်းအမှတ်နှင့် မဟာရင်ဂိုဏ်းလုံးဆိုင်ရာ (၁၂၇)ကြိမ်မြောက် ဓမ္မဝိနယစာပြန်ပွဲတော်ကြီးအား
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ဆရာတော်အရှင်သူမြတ်တို့က
ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ပြီး ဒုတိယပိုင်းအခမ်းအနားကိုကျင်းပရာ နမောတဿ(၃)ကြိမ် ဘုရားရှိခိုးကန်တော့ပြီးနောက်
နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဒရယ်ရွာ မင်္ဂလသုခဆရာတော်ထံမှ
ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က သရဏဂုံသုံးပါးနှင့် ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
ပြည်နယ်ဝန်ကြီးများက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ
ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာတော်အရှင်သူမြတ်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မော်လမြိုင်မြို့နယ်၊ ကတိုးရွာမဟာရင်ကျောင်းဆရာတော်ထံမှ
ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား
နာယူကြည်ညို၍ ရေစက်သွန်းချ အမျှဝေပေးခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍
ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မဟာရင်ဂိုဏ်းလုံးဆိုင်ရာ
(၁၂၇)ကြိမ်မြောက် ဓမ္မဝိနယစာပြန်ပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ
(၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော် (ချောင်းဆုံ)
No comments:
Post a Comment