နေပြည်တော် ဖေဖော်ဝါရီ ၁၅
ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီခွဲက မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရမူဆယ်မြို့ စွမ်စော်ရပ်ကွက် မူဆယ်-နမ့်ခမ်းကားလမ်းတွင် လမောင်ဆိုင်းအောင် (ခ) ဆိုင်းအောင် (၃၀) နှစ် ဆိုင်းတောင်ကျေးရွာ ဖားကန့်မြို့နယ်နေသူ မောင်းနှင်လာသော TOYOTA LANDCRUISER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၂၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၀၁၀ သိန်း) အား ဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် လမောင်ဆိုင်းအောင် (ခ) ဆိုင်းအောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment