နေပြည်တော် ဖေဖော်ဝါရီ ၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာ ရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲသို့
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊
ဒါရိုက်တာအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊
ဦးဆောင်ညွှန်ကြားရေးမှူး၊ အမှုဆောင်အရာရှိချုပ်နှင့် ဌာနကြီးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး
အတွင်းရှိ ခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးမှူးများ
တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးရုံး
ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းဥက္ကဋ္ဌ၊ ဦးစီးဌာန၊
လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က သက်ဆိုင်ရာ
ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်
စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ တိုးတက်သုံးစွဲ လာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို
ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အပါအဝင် နည်းလမ်းမျိုးစုံဖြင့်
ဓာတ်အားထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံ ဆောင်ရွက်ခဲ့ရာ ၅၀၀ မဂ္ဂါဝပ်
LNG ဓာတ်အားပေးစက်ရုံစီမံကိန်းကို အောင်မြင်စွာ တည်ဆောက်နိုင် ခဲ့သဖြင့် ၂၀၂၆
ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစ၍ ၎င်းစက်ရုံမှ ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ကို စတင်ဖြည့်တင်း ပေးနိုင်ခဲ့ပါကြောင်း၊
ထို့ကြောင့် ယခုအခါ တစ်ရက်လျှင် စုစုပေါင်း ၃၄၀၀ မဂ္ဂါဝပ်(၆၀၀၀၀ မဂ္ဂါဝပ် နာရီ)အထိ
ထုတ်လုပ်ရရှိနေပြီဖြစ်ရာ ဝန်အားမျှဝေ၍ အလှည့်ကျစနစ်ဖြင့်ပေးခြင်းကို ရပ်ဆိုင်းကာ တတ်နိုင်သမျှ
အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးခြင်းကို
ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
လျှပ်စစ်ဓာတ်အား
ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် တည်ငြိမ်ပြည့်ဝသည့် ဓာတ်အားစနစ်ရရှိ ရေးတို့ကို
ဟန်ချက်ညီ တိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံးတက်ညီ လက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊
ခွဲဝေရရှိသည့် ဘဏ္ဍာငွေကို စနစ်တကျ စိစစ်သုံးစွဲ၍ ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်သည့်လုပ်ငန်းများ
ပြီးပြတ်စေရေး အလေးထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဓာတ်အားခပြောင်းလဲမှုများတွင်
ပြည်သူလူထုသုံးစွဲနေ သော အိမ်သုံးမီတာခများအနေဖြင့် ပြောင်းလဲမှုမရှိဘဲ ယခင်နှုန်းထား
အတိုင်းသာဖြစ်ပြီး ယခင်စက်မှု လုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ
ပိုမို သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဓာတ်အားခကောက်ခံရာတွင်လည်း ရရှိသင့်သော
နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး၊ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးနှင့်
ဓာတ်အားခကြွေးကျန်များကို ရာနှုန်းပြည့် ကောက်ခံရရှိရေး တွန်းအားပေး ဆောင်ရွက်သွားရန်
လိုအပ်ပါကြောင်း ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့်အတူ ရွှေပြည်သာမြို့နယ်သို့ ရောက်ရှိပြီး အမှတ် (၄) လမ်းမကို (၈)
လမ်း သွားလမ်းမကြီးအဖြစ် အဆင့်မြှင့်တင်တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင်
လမ်းနယ်နှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများအား လမ်းမကြီးနှင့် လွတ်ကင်းရာသို့ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ
ဆောင်ရွက်ပြီးစီးနေမှု၊ ကမ်းသာယာလမ်းဆုံ အနီး ၆၆ ကေဗွီ လှော်ကား - ရွာမ (သံမဏိ) ဓာတ်အားလိုင်း
ပြောင်းရွှေ့ တည်ဆောက်ခြင်း အပြီးသတ်လုပ်ငန်းဆောင်ရွက်နေမှု၊ အမှတ် (၄) လမ်းမကြီး လမ်းလယ်ကျွန်းများပေါ်တွင်
လမ်းမီးများ ထွန်းညှိနိုင်ရေးအတွက် လမ်းမီးတိုင်များ စိုက်ထူ ပြီးစီးနေမှုနှင့် စိုက်ထူရန်
ကျန်ရှိသည့် လမ်းမီးတိုင်များ စိုက်ထူနိုင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို
လိုက်လံကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့ ရောက်ရှိပြီး မြို့ရှောင်ရထားလမ်း ဖောက်လုပ်ရာတွင်
လွတ်ကင်းမှုမရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂) - တောင်ငူ ဓာတ်အားလိုင်း ပြောင်းရွှေ့တည်ဆောက်နိုင်ရန်
တာဝါတိုင် ဖောင်ဒေးရှင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှု အခြေအနေနှင့် တာဝါတိုင်များ
စိုက်ထူနိုင်ရန် တိုင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များ မှာကြားသည်။
တောင်ငူမြို့ရှောင်
ရထားလမ်း သစ် ဖြတ်ကျော်နေရာတွင် တည်ရှိ နေသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း (၂) - တောင်ငူဓာတ်အားလိုင်းအား
တာဝါတိုင် ကိုးတိုင်ဖြင့် လိုင်းအူ ကြောင်း ပြောင်းရွှေ့တည်ဆောက် လျက်ရှိပြီး လက်ရှိအချိန်တွင်
လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အနေဖြင့် ၅၀ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment