နေပြည်တော် ဇန်နဝါရီ ၂၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ငပုတောမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မလျှောက်ထား သေးသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
ဒေသခံပြည်သူများအနေဖြင့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးမှုကြောင့်
မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်
ဝန်ထမ်းများက နိုင်ငံသားကတ်ပြားပျက်စီး/ပျောက်ဆုံးသည့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်
(၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရန်
လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ကာ လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား
ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း
ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး One Stop Service
ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်တစ်ဦးချင်းထံ
ပေးအပ်သည်။
ယင်းနောက် မြို့နယ်ရုံး၏
ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများထိန်းသိမ်း ထားရှိမှု၊
မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေများကို
လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာရွက်စာတမ်းနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊
ငပုတောမြို့နယ်အနေဖြင့် အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမည့်မြို့နယ်ဖြစ်သည်နှင့်အညီ
မြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်
အလေးထား ဆောင်ရွက်ကြရန်မှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ
ထောက်ပံ့ပေးအပ်သည်။
ထိုမှတစ်ဆင့်
ပြည်ထောင်စုဝန်ကြီးသည် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌
မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို တွေ့ဆုံကာ ရွေးကောက်ပွဲတွင် နိုင်ငံသား စိစစ်ရေးကတ်ပြား
ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံသား ကတ်ပြား
ပျောက်ဆုံး/ ပျက်စီးမှုရှိပါက သက်ဆိုင်ရာ လဝကရုံးသို့ ဆက်သွယ်လျှောက်ထား ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍
ရှင်းလင်းဆွေးနွေးပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာ ပစ္စည်းများကို တစ်ဦးချင်းလိုက်လံဝေငှပေးအပ်ပြီး
စစ်မှုထမ်းဟောင်းအဖွဲ့ရုံးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့အတွက် ဆိုလာမီးများနှင့်
ဆေးဝါးပစ္စည်းများကို တာဝန်ရှိသူများအား ထောက်ပံ့ပေးအပ်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား
ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment