နေပြည်တော် ဇန်နဝါရီ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့မွန်းလွဲပိုင်းက ကျိုင်းတုံမြို့နယ် ဝမ်ဟတ်ကျေးရွာသို့သွားရောက်၍ ကျေးရွာသူ ကျေးရွာသားများ၏ ရွာအဝင်လမ်း ကွန်ကရစ်ခင်းပေးနိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျိုင်းတုံမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့သွားရောက်၍ ဝန်ကြီးဌာနအောက် ဦးစီးဌာနလေးခုမှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုဝင်ငွေတိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး လုပ်ငန်းများကို ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်မှုအားကောင်းစွာဖြင့် အောင်မြင်အောင်ဆောင်ရွက်ကြရန်၊ တာဝန်ရှိသူများက ဝန်ထမ်းသက်သာချောင်ချိရေးဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများကိုမေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment