နေပြည်တော် ဇန်နဝါရီ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဆိုမာလီယာဖက်ဒရယ် သမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါမူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကိုအခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက်ခိုင်မာစေရန် ဆန္ဒရှိကြသည့် အားလျော်စွာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ်ထူထောင်ကြသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဆိုမာလီယာ ဖက်ဒရယ်သမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးအောင်ကျော်မိုးနှင့် မလေးရှားနိုင်ငံဆိုင်ရာ ဆိုမာလီယာ သံအမတ် ကြီး Mr. Ali Mohamed Abukar တို့က ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ကွာလာလမ်ပူမြို့ မြန်မာသံရုံး၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ဆိုမာလီယာဖက်ဒရယ်သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ၁၂၇ နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သည့်နိုင်ငံဖြစ်သည်။
သတင်းစဉ်

No comments:
Post a Comment