နေပြည်တော် ဇန်နဝါရီ ၃၀
ပြည်ထဲရေးဝန်ကြီးဌာနမိသားစုဆဋ္ဌမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၈) ၌ ကျင်းပသည်။
ထမနဲပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ/ အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသော မြန်မာ့ရိုးရာ
ထမနဲထိုးပြိုင်ပွဲမှာ ၁၂ လ ရာသီပွဲတော်များ၌ စုပေါင်းအားဖြင့် စည်းလုံးညီညွတ်စွာ
ဆောင်ရွက်ရသည့် ထူးမြတ်သော ရိုးရာပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာတို့၏ ရှေးထုံးတမ်းအစဉ်အလာရိုးရာပွဲတော်များကို
စဉ်ဆက်မပြတ် ထိန်းသိမ်းတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ပိုမိုစည်းလုံးညီညွတ်စွာဖြင့်
အချင်းချင်းရိုင်းပင်းကူညီစိတ်၊ စိတ်ဓာတ်များ ရှင်သန်စေရန်အတွက်
ရည်ရွယ်ကျင်းပပေးခြင်း ပူးပေါင်းဆောင်ရွက်တတ်သည့်ဖြစ်ကြောင်း မှာကြားသည်။
အဆိုပါမြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့်
မီးသတ်ဦးစီးဌာနတို့မှ ပြိုင်ပွဲဝင်အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ကြရာ
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်ဇနီး ဦးဆောင်သောအဖွဲ့က
ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲယှဉ်ပြိုင်နေမှုကို
လိုက်လံကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင်အသင်းများက အားကြိုးမာန်တက်ယှဉ်ပြိုင်၍ ဝန်ထမ်းများကလည်း
ဒိုးပတ်ဝိုင်းများဖြင့် ပျော်ရွှင်စွာအားပေးကြသည်။
ထို့နောက် ထမနဲထိုးပြိုင်ပွဲ၌ ဆုရရှိကြသည့်
ပြိုင်ပွဲဝင်အသင်းများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြကြောင်း
သိရသည်။

No comments:
Post a Comment