နေပြည်တော် ဇန်နဝါရီ ၂၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (သတ္တမအကြိမ်) ဝန်ထမ်းမိသားစု ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
ပြိုင်ပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေး ကြသည်။
ထမနဲထိုးပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများ အားကြိုးမာန်တက်ယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှုအားပေးကြကာပြိုင်ပွဲတွင် အနိုင်ရရှိသောအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲကို မြန်မာ့ဓလေ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတိုးပွားစေရန်၊ ဝန်ထမ်းအချင်းချင်း အပြန်အလှန်ညီညွတ်မျှတစွာဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment