နေပြည်တော် ဇန်နဝါရီ ၃၀
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအား ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဝန်ထမ်းများအကြား စည်းလုံးညီညွတ်မှုရရှိရန်နှင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဆဋ္ဌမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးပရဝဏ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်း ဝန်/ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်အားပေးကြပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။
ဆဋ္ဌမအကြိမ်ဝန်ကြီးဌာန
မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲသို့ ဝန်ကြီးရုံးမှ တစ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ
နှစ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နှစ်ဖွဲ့နှင့်
ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တစ်ဖွဲ့စုစုပေါင်းအဖွဲ့ခြောက်ဖွဲ့တို့မှ
ဝင်ရောက်ယှဉ်ပြိုင်မှုကို ဝန်ထမ်းမိသားစုများက တစ်ခဲနက်အားပေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့က လိုက်လံကြည့်ရှုအားပေးသည်။
ထို့နောက်
သက်ဆိုင်ရာအမှတ်ပေးအဖွဲ့များက အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ဆုရွေးချယ်ကြပြီး ပြည်ထောင်စုဝန်ကြီးက
ပထမဆုရရှိသည့်အဖွဲ့၊ ဒုတိယဝန်ကြီးက ဒုတိယဆုရရှိသည့် အဖွဲ့၊ အမြဲတမ်းအတွင်းဝန်က တတိယဆုရရှိသည့်အဖွဲ့၊
လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ
ညွှန်ကြားရေးမှူးချုပ်များက နှစ်သိမ့်ဆုရရှိသည့် အဖွဲ့များအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment