နေပြည်တော် ဇန်နဝါရီ ၂၇
ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ ဂမ်ဘီယာက ဒုတိယအကျော့ လျှောက်လဲမှုကို ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီက စတင်သည်။
ကြားနာပွဲသို့
ယခင်တက်ရောက်နေကျ တရားသူကြီး ၁၄ ဦးအပြင် တရုတ်နိုင်ငံ တရားသူကြီး Mrs. Xue ပါဝင်ခဲ့ပြီး
စုစုပေါင်း တရားသူကြီး ၁၅ ဦး တက်ရောက်သည်။
ဂမ်ဘီယာနိုင်ငံ၏
ဦးဆောင်ရှေ့နေနှင့် ရှေ့နေများက မြန်မာနိုင်ငံသည် ဘင်္ဂါလီများအား လူမျိုးသုဉ်းစေလိုသည့်ရည်ရွယ်ချက်ရှိကြောင်း
စွပ်စွဲလျှောက်လဲခဲ့ကြပြီး ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ
ဂမ်ဘီယာနိုင်ငံ၏ ဒုတိယအကျော့ လျှောက်လဲချက်များကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment