Tuesday, January 20, 2026

ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့်ပတ်သက်သည့်ကြားနာပွဲတွင် မြန်မာ၏​ရှေ့​နေများက ပထမအကျော့ တုံ့ပြန်​ချေပလျှောက်ထား


နေပြည်တော် ဇန်နဝါရီ ၁၉

ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထမအကျော့တင်ပြလျှောက်ထားခြင်းကို ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်သည်။ 

ဦးစွာ မြန်မာ၏ရှေ့နေ Mr. Sam-Bloom Cooper က အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးဟုဆိုကာ တပ်မတော်က ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းစေရန်ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိရွာများ အထူးသဖြင့် မင်းကြီး၊ ချွတ်ပြင်၊ မောင်နုရွာများကို စစ်ဆင်ပုံ (pattern of conduct) အား တစ်ပုံစံတည်းဆောင်ရွက်ခဲ့ကြောင်း ဂမ်ဘီယာကစွပ်စွဲမှုနှင့်ပတ်သက်၍ တုံ့ပြန်​ချေပပြီး မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker က ဂမ်ဘီယာနိုင်ငံမှ ကိုးကားတင်သွင်းထားသော အခြားအထောက် အထားများနှင့် ပတ်သက်၍ တုံ့ပြန်​ချေပခဲ့​ကြောင်းသိရသည်။ ( ၎င်းတို့နှစ်ဦး၏ တုံ့ပြန် ချေပ​လျှောက်လဲ ချက်များကို သီးခြား​ဖော်ပြထားပါသည်။) 

သတင်းစဉ်

No comments:

Post a Comment