နေပြည်တော် ဇန်နဝါရီ ၂၀
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဝန်ထမ်းသစ်များ စွမ်းရည်မြှင့်သင်တန်းနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်သည်။
ဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက
“ထာဝရမြန်မာ့အသံ”
တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး “နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက်
စဉ်ဆက်မပြတ် ကြိုးပမ်းစွမ်းဆောင်နေသည့် နိုင်ငံတော်မီဒီယာ၏ အခန်းကဏ္ဍ” နှင့်
“ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေးလူငယ်များ ပါဝင်မှုကို မြှင့်တင်ပေး” Video Clip တို့ကို
ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
(MRTV) တွင်
တိုင်းရင်းသားပေါင်းစုံတာဝန်ထမ်းဆောင်နေကြပြီး
စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တူညီသည့်ဆန္ဒများဖြင့် အတူတကွပေါင်းစည်းကာ
နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းဆောင်နေမှုကို တွေ့မြင်ရသဖြင့် အားရကျေနပ်ရပါကြောင်း၊
အနာဂတ်တွင်လည်း စိတ်သစ်၊ ခွန်အားသစ်နှင့် နိုင်ငံတော်က အားကိုးအားထားပြုရသည့် ဝန်ထမ်းကောင်းများဖြစ်အောင်
ကြိုးစားဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက MRTV မှ ဝန်ထမ်းမိသားစုများအတွက်
ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားဆင်းတုတော် ၄၅ ဆူနှင့် သင်တန်းသား သင်တန်းသူများအတွက် ငွေကျပ်
၁၅ သိန်းကို ကံစမ်းမဲဖောက်၍ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက “ရှင်သန်နေမည်
MRTV” တေးသီချင်းဖြင့်
ကပြဖျော်ဖြေတင်ဆက်ကြသည်။
အဆိုပါ ဝန်ထမ်းသစ်များ စွမ်းရည်မြှင့်သင်တန်းသို့ ရုပ်သံကျွမ်းကျင်
(၂) နှင့် (၄)၊ အသံလွှင့် ကျွမ်းကျင် (၂) နှင့် (၄)၊ အနုပညာရှင် (၄)၊
အငယ်တန်းအင်ဂျင်နီယာ (၂)၊ စက်မှုကျွမ်းကျင် (၄) နှင့် အငယ်တန်းစာရေးဝန်ထမ်းများ
စုစုပေါင်း ၁၄၄ ဦး တက်ရောက်ကြပြီး မဟာဘွဲ့တစ်ဦး၊ စက်မှု B.E ဘွဲ့လေးဦးနှင့် AGTI
ခုနစ်ဦး၊ ဥပဒေဘွဲ့တစ်ဦး၊ သိပ္ပံဘွဲ့ ၁၄ ဦး၊ ဝိဇ္ဇာဘွဲ့ ၄၉ ဦး၊ တက္ကသိုလ်တက်ရောက်ဆဲ
၄၂ ဦးနှင့် တက္ကသိုလ်ဝင်တန်းအဆင့် ၁၄ ဦး တို့ပါဝင်သည်။
တွေ့ဆုံပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ပင်မအဆောက်အအုံရှိ
Surround Mixing and
Mastering Studio အား အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ
တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး လက်တွေ့ပြသသည်။
အဆိုပါ Studio တွင် တူရိယာတစ်မျိုးချင်းစီအလိုက် အခန်းတစ်ခန်းစီဖြင့်
ခွဲခြား၍ အသံသွင်းနိုင်ရန်၊ တီးဝိုင်းဖြင့် စုစည်းတီးခတ်၍ အသံသွင်းနိုင်ရန်နှင့် အသံအရည်အသွေးကြည်လင်ပြတ်သားသည့်
Surround Sound System များစွာ ဖန်တီးအသုံးပြုနိုင်ရန်အတွက်
စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
ထို့နောက် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ပင်မရုံးအဆောက်အအုံအတွင်း မျက်နှာကြက်၊ နံရံနှင့်
အခင်းများ အက်ကွဲပျက်စီးမှုများ ဖြစ်ပွားခဲ့ခြင်းအပေါ် ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီက
ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင်
ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ လွှတ်တော်အစည်းအဝေးများ ကျင်းပမှုအား
တိုက်ရိုက်ထုတ်လွှင့်နိုင်ရန်အတွက် စက်ပစ္စည်းများ တပ်ဆင်စမ်းသပ်အသုံးပြုမှုကို
ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရုပ်သံပင်မအဆောက်အအုံအတွက် လျှပ်စစ်ဓာတ်အားချွေတာအသုံးပြုနိုင်
သည့် (Ton 1000 , Chiller
Sys-tem ) ဖြင့် အဆင့် (၄) ဆင့် ခွဲခြား၍ အစားထိုးတပ်ဆင်နေမှုတွင်
စတုတ္ထအဆင့် (Ton 250) တပ်ဆင်ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးပြီး
မောင်မယ်သစ်လွင် ဝန်ထမ်းသစ်များနှင့်အတူ ရင်းရင်းနှီးနှီးဖြင့် Office
Canteen တွင် နေ့လယ်စာသုံးဆောင်ခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment