Tuesday, January 27, 2026

ပြည်ထောင်စုဝန်ကြီး ဦးလှမိုးဖြူးမြို့နယ် သမဝါယမအသင်းစုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

 

နေပြည်တော် ဇန်နဝါရီ ၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးသို့ သွားရောက်၍ သမဝါယမအသင်းစုများမှ အသင်းအမှုဆောင်များ၊ ဝန်ကြီးဌာနအောက် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းနှင့် သက်တံရောင်သမဝါယမ စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသင်းသား တောင်သူများလိုအပ်သည့် သွင်းအားစု၊ မျိုး၊ မြေဩဇာများအား စိုက်ပျိုးချိန်အမီ ထောက်ပံ့ပေးရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နည်းပညာသင်တန်းများသာမက အရင်းအနှီး မတည်ဆောင်ရွက်ပေးရန်၊ လုပ်၊ မလုပ် စဉ်ဆက်မပြတ် စစ်ဆေးရန်နှင့် ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းများ အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်ကြရေး၊ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်း၊ ကျေးလက်ရေရရှိရေး၊ မီးလင်းရေးလုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရေးနှင့် မဆောင်ရွက်နိုင်သည့်လုပ်ငန်းများ အချိန်မီပြန်လည် အပ်နှံရေးဆောင်ရွက်ကြရန်၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များကို စေတနာထားဆောင်ရွက်ခြင်းဖြင့် အလုပ်အပေါ် ဂုဏ်ယူတတ်စေရန်နှင့် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်ဆောင်ရွက်ကြရေး၊ ကျန်းမာရေးအသိ လုံခြုံရေးသတိတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားပြီး ဦးစီးဌာနအလိုက် ဝန်ထမ်းတစ်ဦးချင်းစီ၏ အခက်အခဲများကိုမေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမအသင်းစုများမှ အသင်းအမှုဆောင်များ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment