Saturday, January 17, 2026

သံအမတ်ကြီး ဦးဇော်ဝင်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်

 

နေပြည်တော် ဇန်နဝါရီ ၁၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၎င်း၏သံအမတ်ခန့်အပ်လွှာကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်(သောကြာနေ့)တွင် ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့ခန်းမဆောင်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment