နေပြည်တော် ဒီဇင်ဘာ ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့်
ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ မင်းပူးဦးဩဘာသခန်းမ၌ တွေ့ဆုံ၍
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့်
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား အသီးသီးတင်ပြ
ဦးစွာ
ခရိုင်အုပ်ချုပ်ရေးမှူးက မင်းဘူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အဓိကသီးနှံများအား
ပန်းတိုင်အထွက်နှုန်းတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်း ဆန်နှင့်
ဆီဖူလုံမှု၊ ဆီထွက်သီးနှံများအား အထူးဇုန်များအလိုက်
စိုက်ပျိုးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိမှု၊
ဝါစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို
အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နိုင်မှု၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊
နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်လုပ်ငန်းများများဖြင့် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး
ဆောင်ရွက်လျက်ရှိမှု၊ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊
မင်းဘူးခရိုင်အတွင်း မြို့နယ်အလိုက် ရွေးကောက်ပွဲအောင်မြင်စွာ
ကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိမှု၊ မင်းဘူးခရိုင်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့များ၊
ကျောက်မီးသွေးများ ထုတ်လုပ်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်က မင်းဘူးခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
ဖြစ်ထွန်းအောင်မြင်လျက်ရှိမှုနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်း
တိုးတက်အောင်ဆောင်ရွက်လျက်ရှိမှု၊ မကွေးတိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှုရှိစေရေး
ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေများ လုံလောက်စွာရရှိရေးအတွက်
နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်ခဲ့မှုကြောင့် ယခင်ကထက်
သီးနှံများ ပိုမိုစိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိမှု၊
စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်ခြင်းကြောင့်
တိုင်းဒေသကြီး၏ GDP များ တိုးတက်လျက်ရှိမှု၊ ဝါနှင့် ဆီထွက်သီးနှံအဓိကစိုက်ပျိုးထုတ်လုပ်သည့်
တိုင်းဒေသကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍
ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက်
မင်းဘူးမြို့ရှိ မြို့မိမြို့ဖများက မင်းဘူးမြို့နယ်၊ ကောင်းသာရွေးကျေးရွာရှိ
အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ စာသင်ဆောင်များလိုအပ်လျက်ရှိမှု၊
စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး
နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်လုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်ပေးစေလိုမှုနှင့်
ဒေသဆိုင်ရာလိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်
စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများကပြန်လည်ဆွေးနွေးပြောကြား
၎င်းနောက်
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊
ဦးမင်းနောင်၊ ဦးလှမိုးနှင့် ဦးခင်မောင်ရီတို့က နိုင်ငံတော်တစ်ဝှမ်း
တည်ငြိမ်မှုနှင့် အေးချမ်းသာယာမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိမှု၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးနှင့်
အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားတိုက်ဖျက်မှု
လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် တရားမဝင် ပြည်ပနိုင်ငံသားများအား
သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိ နိုင်ငံတော်အစိုးရအနေဖြင့်
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အမျိုးသားရေးတာဝန်အဖြစ်ခံယူ၍
အမြစ်ပြတ်ချေမှုန်းလျက်ရှိသဖြင့် ပြည်သူလူထုများမှလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်လိုအပ်မှု၊
စိုက်ပျိုးရေလိုအပ်ချက်ပြည့်မီစေအတွက် မြစ်ရေတင်လုပ်ငန်းများဖြင့်
စီမံဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက်
နိုင်ငံတော်မှ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသဖြင့်
သက်ဆိုင်ရာဝန်ကြီးဌာနများသို ချိတ်ဆက်ဆောင်ရွက်သွားကြစေလိုမှု၊
တင်ပြချက်များတွင်ပါဝင်သည့် စိုက်ပျိုးရေလိုအပ်ချက်ရှိသည့် ကျေးရွာများ၌
နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ မြေအောက်ရေထုတ်ယူရရှိနိုင်ရေး
လိုအပ်သည့် သုတေသနပြုတွက်ချက်မှုများကို ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊
မကွေးတိုင်းဒေသကြီးနှင့် မင်းဘူးခရိုင်တို့အတွင်း နှစ်အလိုက် သစ်တောဖုံးလွှမ်းမှု
အခြေအနေများအပေါ် စိစစ်တွေ့ရှိချက်များ၊ နိုင်ငံ့အဝန်းသဘာဝပတ်ဝန်းကျင်
စိမ်းလန်းစိုပြေရေးဆောင်ရွက်လျက်ရှိမှုနှင့် ဒေသခံများအနေဖြင့်လည်း
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်မှုတို့နှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြသည်။
စိုက်ပျိုးမွေးမြူရေးကို
အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေး၍
ဒေသဖွံ့ဖြိုးတိုးတက်စေရေးအလေးထားဆောင်ရွက်
ထို့နောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက
မင်းဘူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်
လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မင်းဘူးဒေသတွင် ပဲနှင့် ဝါကို
အဓိကထားစိုက်ပျိုးကြသည်ကို တွေ့ရှိရပြီး ဆန်ဖူလုံမှုရှိသည့် ဒေသလည်းဖြစ်ကြောင်း၊
ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် စိုက်ပျိုးဆောင်ရွက်နိုင်မည်ဆိုပါက
ယခုထက်ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မင်းဘူးခရိုင်တစ်ခုတည်းအနေဖြင့်
စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်းကြောင့် ဝင်ငွေလျော့နည်းမှုမှာ
၅၀၀ ဘီလီယံကျော်ခန့်ရှိကြောင်း၊ ထို့ကြောင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီ
အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသ၏စီးပွားရေးကို များစွာပြောင်းလဲသွားစေနိုင်မည်ဖြစ်ကြောင်း၊
အဓိကအားဖြင့် ယခုဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ဝါများစိုက်ပျိုးရာတွင်
တစ်ဧကပန်းတိုင်ရည်မှန်းချက် ပြည့်မီရေးဆောင်ရွက်သွားရန်လိုကြောင်း၊
မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုဧက ၅ သိန်းခန့်ရှိပြီး
ဝါအထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းချည်ချောထုတ်လုပ်မှုများကို
ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်
အချက်အလက်များအား တင်ပြဆောင်ရွက်ရာ၌ ကိန်းဂဏန်းအချက်အလက်များ
မှန်ကန်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ခေတ်အဆက်ဆက်တွင်
လယ်ယာထွက်ကုန်ပစ္စည်းများထွက်ရှိမှုမှာ ကိန်းဂဏန်းအချက်အလက်များအရ ကွာခြားချက်များရှိနေကြောင်း၊
ကိန်းဂဏန်းအချက်အလက်များ၊ စာရင်းဇယားများ မှန်ကန်စွာသိရှိနိုင်မှသာလျင်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုလေ့လာဆန်းစစ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
ထို့ကြောင့် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့်
ပန်းတိုင်ရည်မှန်းချက်များပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့်
စာရင်းဇယားကောက်ယူသူများအနေဖြင့်လည်း မှန်ကန်သည့် စာရင်းဇယားများ ရရှိနိုင်ရေး
ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကအားဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်
မိမိတို့အားလုံး အမှန်တကယ်အလုပ်လုပ်ကြရမည်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေးအတွက်လည်း
လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
တစ်ဧကပန်းတိုင်ရည်မှန်းချက်အတိုင်း
ထွက်ရှိစေရေး မိမိတို့အနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းလိုအပ်ချက်များနှင့် ပတ်သက်၍
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် လက်တွေ့မြေပြင်၌
စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေကြသည့်သူများကို ကွင်းဆင်း၍ လိုအပ်ချက်များကို သုတေသနပြုမေးမြန်းခဲ့ကြောင်း၊
ထိုသို့မေးမြန်းရာတွင် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အခြေခံကျသောအချက်၊
ဖြည့်ဆည်းပေးရမည့်အချက်များကို ရိုးရှင်းစွာ မေးမြန်းခဲ့ကြောင်း၊
မေးမြန်းချက်များအရ မင်းဘူးဒေသတွင် သီးနှံ ၉ မျိုး စိုက်ပျိုးသည်ကို တွေ့ရှိရကြောင်း၊
အားနည်းချက်များတွင် လူများ၏ အားနည်းချက်၊ ငွေကြေးအားနည်းချက်ဟူ၍ရှိကြောင်း၊
မြေပြုပြင်ခြင်းတွင် လိုအပ်သည့်ထွန်ယက်မှု များလုံလောက်စွာပြုလုပ်ခြင်း၊
ဓာတ်မြေဩဇာများလိုအပ်မှုရှိပါက သဘာဝမြေဩဇာများ ထည့်သွင်းခြင်းများကို ဆောင်ရွက်နိုင်ကြောင်း၊
မြေဩဇာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်မှ
စိုက်ပျိုးရေးချေးငွေများကို ထုတ်ချေးပေးထားကြောင်း၊ ကောက်ကွက်များ
ပြည့်မီအောင်စိုက်ပျိုးရန်အတွက် လိုအပ်သည့်လူများ မရရှိနိုင်ပါက Feed Seeder များဖြင့်
စနစ်တကျအစေ့ချစိုက်ပျိုးခြင်းဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်း ပြည့်မီရေးအတွက်
များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မိရိုးဖလာဆောင်ရွက်နေခြင်းအစား
ခေတ်မီနည်းစနစ်များကိုလည်း လေ့လာကျင့်သုံး၍ အထွက်နှုန်းများ
တိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း။
စိုက်ပျိုးရေလိုအပ်ချက်နှင့်
ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်း နေရောင်ခြည်စွမ်းအင်သုံး
မြစ်ရေတင်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မင်းဘူးဒေသ၏
အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သဖြင့်
စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ပြောင်းလဲစေရေး မိမိအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များအပေါ် အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသ၏လူမှုစီးပွားဘဝများသည်လည်း
ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပြီး
လိုအပ်သည့် သွင်းအားစုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊
အဓိကလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေလုံလောက်စွာရရှိစေရေး နည်းလမ်းပေါင်းစုံဖြင့်
ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ
ရရှိရေးအတွက်လည်း နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း ဒေသ၏ စားရေးလိုအပ်ချက်ကို
ပြည့်မီအောင်မွေးမြူထုတ်လုပ်သွားရန်လိုကြောင်း၊ ဒေသအတွင်းမွေးမြူဖြစ်ထွန်းသည့်
ဆိတ်မွေးမြူရေးလုပ်ငန်းအပြင် အခြေခံစားကုန်များဖြစ်သည့် ကြက်၊ ဝက်၊
နွားတို့ကိုလည်း အောင်မြင်အောင် မွေးမြူဆောင်ရွက်ကြရန်လိုကြောင်း၊
မွေးမြူရေးလုပ်ငန်းများ အတွက်လိုအပ်သည့် အစာလိုအပ်ချက်အတွက်လည်း ဒေသမှထွက်ရှိသည့်
စိုက်ပျိုးရေးထုတ်ကုန်များကို အခြေခံ၍ လုပ်ဆောင်ရနိုင်မည်ဖြစ်ကြောင်း။
လူသားအရင်းအမြစ်ကောင်းများရရှိရေးနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာဖြင့်ပြည့်စုံသည့်
လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊ အမျိုးသားစည်းကမ်းအစ
စာသင်ကျောင်းကဟူသည့်အတိုင်း အတန်းပညာရှိမှသာ အတတ်ပညာရှိမည်ဖြစ်ကြောင်း၊ ထို့အတူ
စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး လူရည်မွန်များလည်း ဖြစ်လာမည်ဖြစ်ကြောင်း၊
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လူသားအရင်းအမြစ်ကောင်းများ
မွေးထုတ်ပေးနိုင်ရေး စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများကိုလည်း
ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း
ပြည်ထောင်စုအစီရင်ခံစာကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ သန်းခေါင်စာရင်းပြည်ထောင်စုအစီရင်ခံစာ
ထုတ်ပြန်မှုသည် နိုင်ငံတော်အတွက် အဖိုးတန်သည့် စာရင်းအင်း၊ ကိန်းဂဏန်းအချက်အလက်များပင်ဖြစ်ပြီး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တို့အနေဖြင့်လည်း မိမိတို့ဒေသ၏ ကိန်းဂဏန်းအချက်အလက်များကို
အခြေခံ၍ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိအသုံးချသွားကြရန်လိုကြောင်း။
မိမိတို့အနေဖြင့်
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့
ပညာရေးကိုအားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့”
ဆိုသည့် ဆောင်ပုဒ်များကို ချမှတ်ထားကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ရှိပြီးသားသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်နှင့်
သစ်ပင်များ တိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊ အပူဒဏ်ကို ကာကွယ်နိုင်ရေးအတွက်
ရွာတိုင်းရွာတိုင်းအရိပ်ရပင်များကို တိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊
မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များသည်
ကမ္ဘာ့အပူဆုံးမြို့များစာရင်းအတွင်း၌ ပါဝင်သည်ကို တွေ့ရကြောင်း၊ အပူရှိန်လျှော့ချရေးနှင့်
ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်ပြီး
ကျေးရွာတစ်ရွာချင်းစီအလိုက် သစ်တောသစ်ပင်များကို တိုးချဲ့စိုက်ပျိုးသွားကြရန်လိုကြောင်း၊
ထိုသို့စိုက်ပျိုးရာတွင် ဒေသတွင်းဖြစ်ထွန်းအောင်မြင်ပြီး ကုန်ထုတ်လုပ်မှုကို
တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်သည့် ဆီးသီးပင်၊ မန်ကျည်းပင်အပါအဝင်
အခြားအပင်များကို ထည့်သွင်းစိုက်ပျိုးသွားရန်လိုကြောင်း၊ MSME လုပ်ငန်းများဆောင်ရွက်ရန်အတွက်
ကုန်ကြမ်းပစ္စည်းများသည်အဓိကကျကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့်
ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဆိုပါက
ဒေသအတွက်များစွာ အကျိုးရှိစေမည်ဖြစ်ကြောင်း၊
ပညာရေးနှင့်ပတ်သက်၍
ပညာရည်သင်ကြားခြင်းကိုသာမက သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရေးအတွက်
မိမိတို့ကိုယ်တိုင်နှင့် မိမိတို့သားသမီးများကို စာဖတ်သည့်အလေ့အကျင့်များ မွေးမြူပေးရန်လိုကြောင်း၊
မိမိတို့သားသမီးများ၏ ဘဝတိုးတက်ရေးအတွက် ပညာရည်မြှင့်တင်ခြင်းများကို
ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပညာရည်မြှင့်တင်ခြင်းလုပ်ငန်းများကို
ဆောင်ရွက်ခြင်းအားဖြင့် ဒေသတွင်း လူမှုစီးပွားဘဝများသည်လည်း
တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည်
ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ခြင်းပင်ဖြစ်သဖြင့်
နိုင်ငံတော်မှအလေးပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးအတွက်
အထောက်အကူပြုနိုင်ရန်အတွက်လည်း နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကို
ဥပဒေနှင့်ပတ်သက်သည့် အသိပညာများ သင်ကြားပေးလျက်ရှိကြောင်း၊
တရားဥပဒေစိုးမိုးမှုရှိမှသာလျင် နိုင်ငံအတွင်း သွားလာလုပ်ကိုင်မှုများ အဆင်ပြေချောမွေ့လာမည်ဖြစ်သဖြင့်
အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
လွတ်လပ်ပြီးတရားမျှတသော
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး
ရွေးကောက်ပွဲနှင့်ပတ်သက်၍
ယခုဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး
အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
မဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀
ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်
စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့်မဆုံးရှုံးစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊
ဆန္ဒမဲပေးခြင်းမပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး
မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း၊
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းခြင်းကို ထောက်ခံခြင်းဖြစ်ပြီး
မဲမပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းမှုကို
မထောက်ခံခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းဘူးဒေသအတွင်း
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့်
မင်းဘူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ
ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတွင် နေထိုင်ကြသူများ၊ တာဝန်ထမ်းဆောင်နေကြသည့်
ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဒေသကိုချစ်သည့်စိတ်၊
နိုင်ငံကောင်းရာကောင်းကျိုးကိုလိုလားသည့် စိတ်များဖြင့် ဒေသနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို
ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက်
အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည်
အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ထို့နောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည်
ခင်းကျင်းပြသထားသည့် မင်းဘူးခရိုင်အတွင်းရှိ အသေးစား အငယ်စားနှင့်
အလတ်စားစီးပွားရေး (MSME)
လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား
လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ
လမ်းညွှန်မှာကြားသည်။
မင်းဘူးမြို့၊
ခရိုင်ဘောလုံးအားကစားကွင်း
ထို့နောက်
နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်
အဖွဲဝင်များသည် မင်းဘူးမြို့၊ ခရိုင်ဘောလုံးအားကစားကွင်း
အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး
တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အားကစားပွဲများ ကျင်းပပြုလုပ်ချိန်တွင်
အားကစားဝါသနာရှင်ပြည်သူများ အဆင်ပြေစွာကြည့်ရှုနိုင်ရန်အတွက် ပွဲကြည့်စဉ် တည်ဆောက်ပေးနိုင်ရေး
ဆက်လက်ဆောင်ရွက်သွားရန်၊ ရေနုတ်မြောင်းဆောက်လုပ်ရာတွင်လည်း ရေများစနစ်တကျစွန့်ထုတ်နိုင်ရန်အတွက်
မြေအနိမ့်အမြင့်အားတွက် ချက်ဆောင်ရွက်သွားရန်၊ ပြေးလမ်းအားစနစ်တကျ
တည်ဆောက်သွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မင်းဘူးမြို့
အထွေထွေရောဂါကုဆေးရုံကြီး
ယင်းနောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များသည် မင်းဘူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး သို့ရောက်ရှိကြရာ
ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်
ဇနီး၊ အဖွဲ့ဝင်များသည် သွားနှင့်ခံတွင်းကုသမှုဌာန၊ ဓာတ်ခွဲခန်းနှင့်
ဇီဝဓာတ်ခွဲခန်းတို့အတွင်း လှည့်လည်၍ ပြည်သူများအား ဆေးကုသမှုများ
ဆောင်ရွက်ပေးနေမှုနှင့် ကျန်းမာရေးဝန်ဆောင်မှုပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး
တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်
ဇနီးတို့က မင်းဘူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးအတွက် အလှူငွေများကို ပေးအပ်ရာ
ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။
မကွေး-မင်းဘူး
လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု
နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်
ယနေ့နံနက်ပိုင်းတွင်လည်း မင်းဘူးမြို့ ရှုခင်းသာနေရာသို့ ရောက်ရှိကြရာ
မကွေး-မင်းဘူး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်
ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လမ်းနယ်များနှင့် ပတ်သက်၍ သတ်မှတ်ထားသည့်အတိုင်း
စနစ်တကျဖြစ်ရန်လိုပြီး အချို့လမ်းနယ်များ၌ ကျူးကျော်မြေအသုံးချမှုများရှိနေသည့်အတွက်
လမ်းမကြီးများဥပဒေနှင့် အညီဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊
လမ်းများအဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ရာတွင်လည်း လမ်းကြောင်းတစ်လျှောက်
စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ချက်များပြည့်မီစေရေး စနစ်တကျတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်းနှင့်
အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
===========================
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတပ်နယ်မှ
အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် ဒီဇင်ဘာ ၂၀
နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊
မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား မကွေးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်
သီဟသူရကျင်စံခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး
ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူး၊ မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
နိုင်ငံတော်၏
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် တပ်မတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်နေမှု
ထိုသို့
တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကို
ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
နှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်
နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေးထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊
မကြာမီရက်ပိုင်းအတွင်း ပါတီစုံဒီမိုကရေစီအထွေ
ထွေရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲပြီးစီးချိန်တွင်
အနိုင်ရသည့်ပါတီအား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တပ်မတော်သားများအားလုံးက
ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဆန္ဒမဲများ ပေးရာတွင်လည်း တိုင်းပြည်နှင့်ဒေသကောင်းကျိုးကို
အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊
လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ လွတ်လပ်ရေးရရှိပြီးကတည်းက ယနေ့ထက်တိုင်
ခိုင်မာစွာတည်ရှိနေသည့် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊
ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သည့်သူ၊ ဥပဒေနှင့်ပတ်သက်၍
အသိပညာရှိသူများကို ရွေးချယ်၍ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း၊ တပ်မတော်သည်
နိုင်ငံတော်နှင့် အမျိုးသားရေးကို သစ္စာရှိစွာဖြင့် ခေတ်အဆက်ဆက်ဆောင်ရွက်နေသည့်
အဖွဲအစည်းတစ်ရပ်ဖြစ်ကြောင်းဖြင့် ဦးစွာပြောကြားပြီး တပ်မတော်၏
အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရမှုအခြေအနေများ၊
တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည့် ပြည်တွင်းပဋိပက္ခများနှင့်
ပြည်ပမှကျူးကျော်မှုများကို “တိုက်ရင်းလေ့ကျင့်၊ လေ့ကျင့်ရင်းတိုက်” ဟူသည့်အတိုင်း
အခက်အခဲများကြားမှ သောင်းကျန်းသူချေမှုန်းမှု စစ်ဆင်ရေးများကို
ဆင်နွဲခဲ့ရမှုအခြေအနေများ၊ နိုင်ငံတော်မှ ခေတ်အဆက်ဆက်ကျင့်သုံး ဆောင်ရွက်ခဲ့သည့်
နိုင်ငံရေးစနစ်များနှင့် ကြုံတွေ့ခဲ့ရမှုများ၊ ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့်
ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ အုတ်မြစ်ချဆောင်ရွက်ပေးခဲ့မှု
အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြောကြားရာတွင်
တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို
စနစ်တကျဖြစ်ပေါ်လာအောင် ဦးဆောင်၍ ဖော်ဆောင်ပေးခဲ့သည့် အဖွဲ့အစည်းဖြစ်သကဲ့သို့
မြန်မာ့ဒီမိုကရေစီစနစ်ခိုင်မာအောင် တည့်မတ်ဆောင်ရွက်ပေးနေသည့်
အဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း၊ ပထမဒီမိုကရေစီအစိုးရ သက်တမ်းနှင့်
ဒုတိယဒီမိုကရေစီအစိုးရသက်တမ်းတွင်လည်း တပ်မတော်သည် ဒီမိုကရေစီအစိုးရအဖွဲ့များနှင့်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊
လက်ရှိဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများအကြားမှ
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်ကိုလည်း တပ်မတော်ကသာ ဦးဆောင်၍
ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင်
တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံး
ပါးကိုလိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေးနှင့်
ကာကွယ်ရေးအမြင်ရှိသူများကို ရွေးခြယ်၍ ဆန္ဒမဲပေးကြရန်လိုကြောင်း၊
တပ်မတော်သားများအားလုံးအနေဖြင့် မိမိတို့နိုင်ငံ၏ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းများကို
မှန်မှန်ကန်ကန်သိရှိရန်အတွက် စာအုပ်စာပေများကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း။
တပ်မတော်သည်
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေသည့်
အခိုင်အမာဆုံးအဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်မှ စတင်၍
ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုများကို ယနေ့အချိန်အထိ တပ်မတော်အနေဖြင့်
ရှင်းလင်းဆောင်ရွက်နေရကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အမြဲအသင့်ဖြစ်နေစေရေး
ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့အသင့်ဖြစ်နေရန်အတွက်
မိမိတို့နေ့စဉ်ဆောင်ရွက်ရမည့် လေ့ကျင့်ရေးလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်နေရန်နှင့်
မိမိတို့ကိုယ်စီထမ်းဆောင်နေရသည့် တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊
တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက်
ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
ဆောင်ရွက်ခြင်းကို မှန်မှန်ကန်ကန်ဆောင်ရွက်သွားမည်ဆိုပါက သက်သာချောင်ချိရေးအတွက်
များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊
တပ်မတော်သားများအားလုံးအနေဖြင့်
မိမိတို့ကို ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့်
မိမိကိုယ်တိုင်၊ တပ်မတော်နှင့် နိုင်ငံတော်အတွက် အကျိုးရှိမည်ဆိုပါက
လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက်
စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏
ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ
တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊
စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင်
တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ
ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ ပြည်သူ့စစ်မှုထမ်းများအား
ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို
တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ
အရာရှိ၊စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ
ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မကွေးမြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာသို့
ရောက်ရှိကြပြီး အိမ်ရာအတွင်းမော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
အိမ်ရာတွင် နေထိုင်လျက်ရှိကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား
ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment