နေပြည်တော်
ဒီဇင်ဘာ
၁၀
မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလှုံ့ဆော်မှု Campaign ကို နိုင်ငံတစ်ဝန်းလုံးဆောင်ရွက်လျက်ရှိသည်။
ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဘွဲ့နှင်းသဘင်ခန်းမ၌
၂၀၂၅
ခုနှစ်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး
ပြည်သူလူထုလှုံ့ဆော်ရေး
Campaign ကို ဆောင်ရွက်ရာ
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊
မွေးမြူရေးဆိုင်ရာ
ဆေးတက္ကသိုလ်နှင့်
သစ်တောနှင့်
ပတ်ဝန်းကျင်ဆိုင်ရာ
တက္ကသိုလ်
(ရေဆင်း) တို့မှ
ဒုတိယပါမောက္ခချုပ်နှင့်
ပါမောက္ခဌာနမှူးများ၊
ကထိကများ၊
ဆရာ ဆရာမများ
ကျောင်းသား
ကျောင်းသူများ၊
တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေးသည်။
ဦးစွာ “ပြင်းထန်သည့် ငလျင်ဒဏ်ကို
ကျော်ဖြတ်ကာ ပြန်လည်တည်ဆောက်ကြမည့်
ပိုမိုကောင်းမွန်သော
အနာဂတ်ဆီသို့” နှင့်
“ရှေ့သို့ချီမည်ပန်းတိုင်ဆီ ” မှတ်တမ်းဗီဒီယိုများကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လာမည့်ဒီဇင်ဘာ
၂၈
ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
မဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရေးအတွက် ယနေ့ Campaign ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းသည်
မိမိတို့နိုင်ငံ၊
မိမိတို့ရပ်ရွာ၊ ဒေသကို ချစ်ကြပါကြောင်း။
ထို့အတွက် အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံ သားတိုင်းသည်
မိမိတို့နိုင်ငံ၊ ရပ်ရွာ၊ ဒေသကို တိုးတက်အောင်
လုပ်ဆောင်ပေးနိုင်မည့်ကိုယ်စားလှယ်များကို
ဆန္ဒမဲပေးရန်
တာဝန်ရှိပါကြောင်း၊
ထိုကဲ့သို့
ဆန္ဒမဲပေးခြင်းသည်
နိုင်ငံသားတိုင်း၏
မွေးရာပါအခွင့်အရေးလည်း
ဖြစ်ပါကြောင်း။
ရွေးကောက်ပွဲဆိုသည်မှာ ပါတီနိုင်ငံရေးဆိုသည်ထက်
နိုင်ငံ့အရေးဖြစ်ပါကြောင်း၊
နိုင်ငံအတွက် မဲပေးသင့်သည်၊ မဲပေးရမည်ဆိုသည်ကို
အသိပညာပေးလိုသည့်အတွက်
ယနေ့အခမ်းအနားကို
ကျင်းပရခြင်းဖြစ်ပါကြောင်း၊
ယခုကျင်းပသည့်
ရွေးကောက်ပွဲသည်
အရေးကြီးပါကြောင်း၊
ထို့ကြောင့်
လာမည့်ရွေးကောက်ပွဲအတွက်
မိမိတို့ပိုင်ဆိုင်သည့်
အသဲကြားက မဲတစ်ပြားကို
မိမိနှစ်သက်ရာ
အဖွဲ့အစည်းကို
ဆန္ဒပြုမဲပေးခြင်းဖြင့်
နိုင်ငံသားတာဝန်ကို
ထမ်းဆောင်ပေးကြရန်
တိုက်တွန်းလိုပါကြောင်း
ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအတွက်
MRTV DTH စလောင်းအစုံ ၃၀၊ DVB-T2 Set Top Box အလုံး ၂၀ တို့ကို ကံစမ်းမဲဖောက်ပေးပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ
ခေတ်ပေါ်တီးဝိုင်းနှင့်အတူ
နိုင်ငံကျော်အနုပညာရှင်များ၊
ဝန်ထမ်းများက
ယိမ်းအကအလှများ၊
တေးသံသာများဖြင့်
ဖျော်ဖြေတင်ဆက်ကြသည်။
အလားတူ ပြန်ကြားရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူများသည်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့်
သစ်တောနှင့်
ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်
(ရေဆင်း) တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့်
ဝန်ထမ်းများအား
“ဒို့အတူတူမဲပေးကြမယ်”
အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment