ကန်ကြီးထောင့် ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာရှိ နည်းပညာတက္ကသိုလ် (ပုသိမ်) တွင် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားအား တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် နည်းပညာတက္ကသိုလ်ရှိ
ကျောင်းသူလေးများက “သိပ္ပံနှင့်နည်းပညာ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။ ထို့နောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက
အဖွင့်အမှာစကားပြောကြားခဲ့ပြီး နည်းပညာတက္ကသိုလ်အတွက် ဂုဏ်ပြုငွေအား ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧည့်သည်တော်များက
နည်းပညာတက္ကသိုလ် (ပုသိမ်) အီလက်ထရောနစ်အင်ဂျင်နီယာဌာနနှင့် ကွန်ပျူတာအင်ဂျင်နီယာနှင့်
သတင်းအချက်အလက်နည်းပညာဌာန ကျောင်းသူလေးများမှ “ကမ္ဘာတည်သရွေ့” သီချင်းဖြင့်လည်းကောင်း၊
နည်းပညာတက္ကသိုလ် (ပုသိမ်) မြို့ပြအင်ဂျင်နီယာဌာနနှင့်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန ကျောင်းသူလေးများက “ပန်းတိုင်းပွင့်သည်မြန်မာပြည်”
သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေမှုများအား ကြည့်ရှုခဲ့ပြီးနောက်
နည်းပညာတက္ကသိုလ်ရှိ ဌာနများ၏ Project
များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)



No comments:
Post a Comment