မော်လမြိုင် ဒီဇင်ဘာ ၂၀
လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိစေနိုင်သော အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်မျိုးဖြစ်သည့်အတွက် နှစ်စဉ်ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ်၍ အများပြည်သူ စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့် ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများသည် (တတိယပတ်) အထိမ်းအမှတ်အဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မောရဝတီပန်းခြံရှေ့မှ စတင်လမ်းလျှောက်ခဲ့ကြပြီး မော်လမြိုင်မြို့၊ ဗဟိုလမ်းတစ်လျှောက်၊ ဒိုင်းဝန်ကွင်းလမ်းတစ်လျှောက်နှင့် ရာမညအားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ခြင်းကို တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျန်းမာရေးကို လိုက်စားသည့်
အများပြည်သူများသည် ရာမညအားကစားကွင်းတွင် သွေးပူလေ့ကျင့်ခန်းအဖြစ်လည်းကောင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအဖြစ်လည်းကောင်း၊
Fitness Dance အကတို့ဖြင့်လည်းကောင်း အတူတကွစုပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း
သိရှိရသည်။
ပြည်နယ်
(ပြန်/ဆက်)






No comments:
Post a Comment