ထိုင်း ဒီဇင်ဘာ ၁၀
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ခြင်းလုံး၊ ပိုက်ကျော်ခြင်း ကွင်းသွင်းခြင်းခတ်၊ ပီတန်း၊ ကနူးလှေလှော်၊ တိုက်ကွမ်ဒို၊ ခရစ်ကတ်နှင့် ဘိလိယက်နှင့်စနူကာ၊ ဘော်လီဘောပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သက်ဆိုင်ရာအားကစားကွင်း အားကစားရုံများ၌ ကျင်းပသည်။
ပိုက်ကျော်ခြင်း အမျိုးသမီးကွင်းသွင်းခြင်း ခတ်ပြိုင်ပွဲ
ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက ရမှတ် ၁၀၀၀ ဖြင့် ပထမ၊
မြန်မာအသင်းက ရမှတ် ၈၅၀ ဖြင့် ဒုတိယ၊ ဖိလစ်ပိုင်သင်းက ရမှတ် ၅၄၀ ဖြင့်တတိယနှင့်
လာအိုအသင်းက ရမှတ် ၄၁၀ ဖြင့် ပူးတွဲတတိယတို့ အသီးသီးရရှိခဲ့ပြီး ပိုက်ကျော်ခြင်းအမျိုးသားကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ
ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက ရမှတ် ၈၈၀ ဖြင့်
ပထမ၊ မြန်မာအသင်းက ရမှတ် ၇၉၀ ဖြင့် ဒုတိယ၊ ဖိလစ်ပိုင်အသင်းက ရမှတ် ၇၁၀ ဖြင့် တတိယ၊
ဘရူးနိုင်းအသင်းက ရမှတ် ၅၀၀ ဖြင့် ပူးတွဲတတိယတို့ အသီးသီးရရှိခဲ့သည်။
ပိုက်ကျော်ခြင်း အမျိုးသား၊ အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲများတွင်
မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆုများကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက မြန်မာပိုက်ကျော်ခြင်း ကွင်းသွင်းခြင်းခတ်အမျိုးသား၊
အမျိုး သမီးအသင်းမှ အားကစားသမားများကို ဂုဏ်ပြုချီးမြှင့် ငွေUSD $ 200 စီဖြင့် စုစုပေါင်း
USD $ 400 အား ပေးအပ်ချီးမြှင့်ခဲ့သည်။
ပီတန်း အမျိုးသမီး Shooting ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအသင်းနှင့်
ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက ရမှတ် ၄၃ မှတ် ဖြင့် ပထမ၊ မြန်မာအသင်းက
ရမှတ် ၃၇ မှတ်ဖြင့် ဒုတိယရရှိခဲ့ပြီး မြန်မာအသင်းမှ ပီတန်းအားကစားသမားခင်ချယ်ရီသက်သည်
မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
ကနူးမီတာ ၅၀၀ တစ်ဦးချင်းပြိုင်ပွဲတွင် ထိုင်းအသင်းက
စံချိန် 01: 58 . 314 စက္ကန့်ဖြင့် ပထမ၊ မြန်မာအသင်းက စံချိန် 01: 58 . 773 စက္ကန့်ဖြင့် ဒုတိယ၊ ဗီယက်နမ်အသင်းက စံချိန် 02: 03 . 663 စက္ကန့်ဖြင့် တတိယတို့ အသီးသီးရရှိခဲ့ပြီး ကနူးမီတာ ၅၀၀
တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာအသင်းမှ မျိုးလှိုင်ဝင်းသည် မြန်မာနိုင်ငံအတွက်
ဒုတိယငွေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
Free Style Mixed Team ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက
ပထမ၊ ထိုင်းအသင်းက ဒုတိယ၊ ဖိလစ်ပိုင်အသင်းနှင့် မြန်မာအသင်းတို့က ပူးတွဲတတိယတို့
ရရှိခဲ့သည်။
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏
ဒီဇင်ဘာ ၁၀ ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်နှစ်ခု၊
ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်တစ်ခု စုစုပေါင်းဆုတံဆိပ်ခုနစ်ခုဖြင့် နိုင်ငံအလိုက်
အဆင့် ၃ တွင် ရပ်တည်နိုင်ခဲ့သည်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ စစ်သံမှူးကြီး
ဗိုလ်မှူးချုပ် ဝင်းသူလင်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့်
အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
သတင်းစဉ်




No comments:
Post a Comment